ယောရှု 24:32 - မြန်မာ့စံမီသမ္မာကျမ်32 သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version32 ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှယူဆောင်ခဲ့သောယောသပ်၏အရိုး များကို ရှေခင်၏ဖခင်ဟာမော်၏သားများ ထံမှယာကုပ်ငွေတစ်ရာဖြင့်ဝယ်သော ရှေခင် မြို့ရှိမြေကွက်တွင်မြှုပ်နှံကြလေသည်။ ဤ မြေကွက်သည်ယောသပ်၏အဆက်အနွယ် များဆက်ခံရရှိသောမြေကွက်ဖြစ်သည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version32 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှဆောင်ခဲ့သော ယောသပ်၏အရိုးတို့ကို၊ ရှေခင်၏အဘ ဟာမော်၏သားတို့တွင် ငွေတစ်ပိဿာနှင့် ယာကုပ်ဝယ်သောရှေခင်မြို့နယ် မြေအကွက်၌ သင်္ဂြိုဟ်ကြ၏။ ထိုမြေအကွက်သည် ယောသပ်သားတို့ အမွေမြေဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။