Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 23:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သင်​တို့​တွင် ကျန်နေ​သေး​သော​လူမျိုး​တို့​နှင့်​ပေါင်းဖော်​ခြင်း​မ​ပြု​နှင့်​၊ သူ​တို့​ဘုရား​များ​၏​နာမ​ကို​မ​တ​နှင့်​၊ မ​တိုင်တည်​နှင့်​။ ထို​ဘုရား​တို့​ကို​ဝတ်​မ​ပြု​နှင့်​၊ ရှိခိုးကိုးကွယ်​ခြင်း​မ​ပြု​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 သင်​တို့​တွင် ကြွင်း​သေး​သော ဤ​လူ​မျိုး​နှင့် မ​ပေါင်း​ဖော်၊ သူ​တို့​ဘု​ရား၏​နာ​မ​ကို မြွက်၍ မ​ကျိန်​ဆို၊ ဝတ်​မ​ပြု​ဦး​မ​ညွှတ်​ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 23:7
23 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က “​ဤ​အမှု​ကို မ​ပြု​ရ​”​ဟု တားမြစ်​ထား​သော​ရုပ်တု​ကိုးကွယ်​ခြင်း​အမှု​ကို သူ​တို့​ပြု​ကြ​၏​။


ထာဝရဘုရား​၏​အစေအပါး​ပြု​သော ဤ​အမှု​အတွက် ခွင့်လွှတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​သခင်​သည် ရိမ္မုန်​ဝတ်ကျောင်း​သို့​သွား​၍ ပျပ်ဝပ်ကိုးကွယ်​သောအခါ သူ​သည် အကျွန်ုပ်​၏​လက်​ကို​မှီ​သဖြင့် အကျွန်ုပ်​သည်​လည်း ရိမ္မုန်​ဝတ်ကျောင်း​၌ ပျပ်ဝပ်​ရ​ပါ​၏​။ ရိမ္မုန်​ဝတ်ကျောင်း​၌ အကျွန်ုပ်​ပျပ်ဝပ်​သော​အမှု​အတွက် ထာဝရဘုရား​သည် အရှင့်​အစေအပါး​ကို ခွင့်လွှတ်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။


သို့သော် သင်​တို့​သည် ငါ့​ထံမှ​ကျောခိုင်း​သွား​၍ သင်​တို့​အား ငါ​မိန့်မှာ​ထား​သော ပြဋ္ဌာန်းချက်​များ​၊ ပညတ်ချက်​များ​ကို စွန့်ပစ်​ပြီး အခြား​ဘုရား​များ​ကို သွား​၍​ဝတ်ပြု​ကိုးကွယ်​မည်​ဆို​လျှင်


အခြား​ဘုရား​များ​ကို ဆည်းကပ်​သော​သူ​တို့​သည် မိမိ​တို့​၏​ဝမ်းနည်းပူဆွေးမှု​ကို​တိုးပွား​စေ​ကြ​လိမ့်မည်​။ ငါ​သည် သူ​တို့​၏​သွန်းလောင်းရာပူဇော်သက္ကာ​နှင့်ဆိုင်သော​သွေး​ကို သွန်းလောင်း​မည်​မ​ဟုတ်​။ ထို​ဘုရား​တို့​၏​နာမ​ကို​လည်း ငါ့​နှုတ်​ဖြင့်​ရွတ်ဆို​မည်​မ​ဟုတ်​။


ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊


သင်​တို့​အား ငါ​မိန့်ဆို​ထား​သော​အရာ​ရှိသမျှ​တို့​ကို အလေးထား​ရ​မည်​။ အခြား​ဘုရား​များ​၏​နာမ​ကို မ​မြွက်ဆို​ရ​။ သင့်​နှုတ်​မှ​မြွက်ဆို​သည်​ကို မ​ကြား​ရ​စေ​နှင့်​။


သူ​တို့​ကို သင်​၏​ပြည်​၌ နေထိုင်​ခွင့်​မ​ပြု​ရ​။ နေထိုင်​ခွင့်​ပြု​လျှင် သင်​သည် ငါ့​ကို​ပြစ်မှား​မည့်​အကြောင်း သူ​တို့​ပြု​လိမ့်မည်​။ သူ​တို့​၏​ဘုရား​များ​ကို​ဝတ်ပြု​လျှင် သူ​တို့​သည် သင်​တို့​၌ ထောင်ချောက်​အမှန်​ဖြစ်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ထဲသို့ မ​ဝင်​နှင့်​။ မကောင်းမှု​ပြု​သော​သူ​တို့​သွား​ရာ​လမ်း​ကို​လည်း မ​လိုက်​နှင့်​။


ထာဝရဘုရား​က “ဗာလ​ဘုရား​ကို တိုင်တည်ကျိန်ဆို​ရန် ငါ့​လူမျိုး​ကို သူ​တို့​သင်ကြား​ပေး​သကဲ့သို့ ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ငါ့​နာမ​ကို​တိုင်တည်ကျိန်ဆို​၍ ငါ့​လူမျိုး​၏​နည်းလမ်း​ကို သူ​တို့​ကြိုးစား​သင်ယူ​မည်​ဆို​လျှင် သူ​တို့​ကို ငါ့​လူမျိုး​ထဲ​တွင် တည်နေခွင့်ပြု​မည်​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


ဗာလ​ဘုရား​၏​အမည်နာမ​တို့​ကို သူ့​နှုတ်​မှ ငါ​ဖယ်ရှား​ပစ်​မည်​။ ထို​နာမည်​တို့​ကို သတိရ​တော့​မည်​မ​ဟုတ်​။


ခေါင်မိုးပြင်​တွင် ကောင်းကင်တန်ဆာ​များ​ကို ရှိခိုးကိုးကွယ်​သော​သူ​များ​၊ ထာဝရဘုရား​ကို တိုင်တည်​ကျိန်ဆို​လျက်​နှင့် မိလကုံ​ဘုရား​ကို​လည်း တိုင်တည်ကျိန်ဆို​ပြီး ရှိခိုးကိုးကွယ်​သော​သူ​များ​၊


နေဗော​၊ ဗာလမုန်​၊ (​အမည်​ပြောင်း​ထား​သော​မြို့​များ​) စိဗမာ​စသော မြို့​တို့​ကို တည်ဆောက်​ကြ​၏​။ သူ​တို့​တည်ဆောက်​သော​မြို့​တို့​၏​အမည်​များ​ကို အမည်​အသစ်​ဖြင့်​မှည့်ခေါ်​ကြ​၏​။


ထို​ပြည်​၌​နေထိုင်​သော​သူ​တို့​ကို သင်​တို့​ထံ​မှ အကုန်အစင်​မ​နှင်ထုတ်​လျှင် သင်​တို့​ချန်ထား​ခဲ့​သော​သူ​တို့​သည် သင်​တို့​၏​မျက်စိ​၌ ငြောင့်​ကဲ့သို့​လည်းကောင်း​၊ သင်​တို့​နံဘေး​၌ ဆူး​ကဲ့သို့​လည်းကောင်း ဖြစ်​လိမ့်မည်​။ သင်​တို့​နေထိုင်​သော​ပြည်​၌ သင်​တို့​ကို ရန်ပြု​ကြ​လိမ့်မည်​။


အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။


အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။


သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​။ ဝတ်ပြု​ရ​မည်​။ ဆည်းကပ်​ရ​မည်​။ နာမ​တော်​ကို​တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​။ ထို​အရှင်​ကို​သာ ဝတ်ပြု​ရ​မည်​။ ထို​အရှင်​၏​နာမ​တော်​ကို တိုင်တည်​၍​ကျိန်ဆို​ရ​မည်​။


အခြား​ဘုရား​များ​၊ သင်​တို့​ပတ်လည်​ရှိ​လူမျိုး​တို့​၏​ဘုရား​များ​ကို မ​ဆည်းကပ်​ရ​။


အကယ်၍ သင်​တို့​သည် လမ်းလွဲ​၍ သင်​တို့​တွင် ကြွင်းကျန်​နေ​သေး​သော​လူမျိုး​တို့​နှင့်​မိတ်ဖွဲ့​ပြီး သူ​တို့​နှင့်​စုံဖက်​၍ ထွေးရောယှက်တင်​နေ​လျှင်


ယနေ့​တိုင်အောင် သင်​တို့​ပြုကျင့်​ခဲ့​သည့်​အတိုင်း သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​တစ်ပါးတည်း​ကို​သာ ဆည်းကပ်​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ