Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 22:24 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ငါ​တို့ ဤသို့​ပြု​ကြ​သည်​မှာ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ‘​သင်​တို့​နှင့် အစ္စရေး​၏​ဘုရားသခင်​ထာဝရဘုရား​သည် မည်သို့​ဆိုင်​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 နောင်​အ​ခါ​၌​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့ က​ငါ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား`သင်​တို့ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​မည်​သို့​မျှ မ​သက်​ဆိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 နောင်​ကာ​လ၌ သင်​တို့​သား​မြေး​တို့​က၊ အို ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့၊ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သို့ ဆိုင်​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 22:24
7 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား အာဗြဟံ​သည် သူ​၏​သားသမီး​တို့​နှင့် နောင်လာမည့်​သူ​၏​အမျိုးအနွယ်​တို့​အား ဖြောင့်မတ်​သော​အမှု​၊ တရားမျှတ​သော​အမှု​ကို​ပြုကျင့်​၍ ထာဝရဘုရား​၏​လမ်း​တော်​ကို​စောင့်ထိန်း​ကြ​စေရန် မှာကြား​ခြင်း​အားဖြင့် သူ့​အား​ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သော​အရာ​ကို သူ​၌​ပြည့်စုံ​စေ​မည့်​အကြောင်း သူ့​ကို ငါ​ရွေးကောက်​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ဦးရီး​သည် အကျွန်ုပ်​၏​လုပ်အားခ​ကို​လာရောက်​စစ်ဆေး​သောအခါ နောင်တစ်နေ့​တွင် အကျွန်ုပ်​၏​ဖြောင့်မတ်​ခြင်း​သည် အကျွန်ုပ်​အတွက်​သက်သေထူ​ပါ​လိမ့်မည်​။ အကျွန်ုပ်​တွင် အစက်​အပြောက်​မ​ပါ​သော​ဆိတ်​များ​နှင့် မ​ညို​သော​သိုးသငယ်​များ​ရှိ​ခဲ့​လျှင် ၎င်း​တို့​အားလုံး​ကို အကျွန်ုပ်​ခိုး​သည်​ဟူ၍ မှတ်ယူ​ပါ​”​ဟု ဆို​လေ​၏​။


နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံ​ရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။


နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ


ထာဝရဘုရား​၏​နောက်​တော်​သို့ မ​လိုက်​ဘဲ​လမ်းလွဲ​၍ ယဇ်ပလ္လင်​ကို​တည်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မီးရှို့ရာယဇ်​နှင့်​ဘောဇဉ်ပူဇော်သက္ကာ​ကို ပူဇော်​လျှင်​၊ ထို​ယဇ်ပလ္လင်​ပေါ်၌ မိတ်သဟာယယဇ်​များ​ကို ပူဇော်​လျှင် ထာဝရဘုရား​ကိုယ်တော်တိုင် စစ်ကြောစီရင်​တော်မူ​ပါ​။


အို ရုဗင်​သားမြေး​နှင့်​ဂဒ်​သားမြေး​တို့​၊ ထာဝရဘုရား​သည် သင်​တို့​နှင့်​ငါ​တို့​ကြား​၌ ဂျော်ဒန်​မြစ်​ကို နယ်နိမိတ်​အဖြစ်​ခြား​ထား​တော်မူ​ပြီ​။ ထာဝရဘုရား​ထံ၌ သင်​တို့​အဖို့​ဝေစု​မ​ရှိ​’​ဟု ဆို​လျက် သင်​တို့​၏​သားမြေး​တို့​က ငါ​တို့​၏​သားမြေး​တို့​အား ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​ခြင်း​မ​ရှိ​အောင် ပြု​ကြ​မည်​ကို ငါ​တို့​စိုးရိမ်​သောကြောင့် ဤ​အမှု​ကို ပြု​ခြင်း​ဖြစ်​၏​။


ဤ​ကျောက်တုံး​တို့​သည် သင်​တို့​အတွက် အမှတ်သင်္ကေတ​ဖြစ်​လိမ့်မည်​။ နောင်ကာလ​၌ သင်​တို့​၏​သားမြေး​တို့​က ‘​ဤ​ကျောက်တုံး​များ​ကား မည်သည့်​အဓိပ္ပာယ် ဆောင်​သနည်း​’​ဟု မေးမြန်း​လျှင်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ