Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 21:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 မေရာရိ​အမျိုး​သည် မျိုးနွယ်စု​အလိုက် ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်နှစ်​မြို့​ကို ရရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 မေ​ရာ​ရိ​သား​ချင်း​စု​တို့​အ​တွက်​မြို့​တစ်​ဆယ့် နှစ်​မြို့​ကို​ရု​ဗင်​နယ်​မြေ၊ ဂဒ်​နယ်​မြေ၊ ဇာ​ဗု​လုန် နယ်​မြေ​ထဲ​မှ​သတ်​မှတ်​ပေး​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 မေ​ရာ​ရိ​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက် ရု​ဗင်​ခ​ရိုင်၊ ဂဒ်​ခ​ရိုင်၊ ဇာ​ဗု​လုန်​ခ​ရိုင်​ထဲ​က၊ ဆယ်​နှစ်​မြို့​ကို​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 21:7
8 ပူးပေါင်းရင်းမြစ်များ  

ဂေရရှုံ​အမျိုး​၏​မျိုးနွယ်စု​အလိုက် ဂေရရှုံ​သားမြေး​တို့​အဖို့ မဲချ​ရာ ဣသခါ​အမျိုးအနွယ်​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ​မနာရှေ​အမျိုးအနွယ် တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရ​ကြ​၏​။


မေရာရိ​အမျိုး​၏​မျိုးနွယ်စု​အလိုက် မေရာရိ​သားမြေး​တို့​အဖို့ မဲချ​ရာ ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်နှစ်​မြို့​ကို ရ​ကြ​၏​။


မေရာရိ​၏​သား​များ​မှာ မဟာလိ​နှင့်​မုရှိ တို့​ဖြစ်​ကြ​၏​။ ဤသည်ကား လေဝိ​မျိုးနွယ်စု​၏​ဆွေစဉ်မျိုးဆက်​များ​ဖြစ်​၏​။


မျိုးနွယ်စု​အလိုက် မေရာရိ​၏​သား​များ​ကား မဟာလိ​နှင့် မုရှိ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား မိမိ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် လေဝိ​၏​မျိုးနွယ်စု​များ ဖြစ်​၏​။


မဲချ​ရာ​တွင် ဂေရရှုန်​အမျိုး​တို့​သည် ဣသခါ​အမျိုးအနွယ်​၏​မျိုးနွယ်စု​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရရှိ​၏​။


ဤသို့ဖြင့် မောရှေ​အား ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို မဲချ​ခွဲဝေ​ပေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ