Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 21:22 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ကိဗဇိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသော​မြို့​လေး​မြို့​ကို ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ကိ​ဗ​ဇိမ်​မြို့၊ ဗေ​သော​ရုန်​မြို့​စ​သည့်​မြို့​လေး မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​ရ ရှိ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

22 ထို​မှ​တစ်​ပါး ဂေ​ဇာ​မြို့​နှင့် မြို့​နယ်၊ ကိ​ဗ​ဇိမ်​မြို့​နှင့် မြို့​နယ်၊ ဗေ​သော​ရုန်​မြို့​နှင့် မြို့​နယ်​တည်း​ဟူ​သော လေး​မြို့​တို့​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 21:22
8 ပူးပေါင်းရင်းမြစ်များ  

ရှောလမုန်​မင်းကြီး​သည် ဂေဇာ​မြို့​အပါအဝင် အောက်​ဗေသောရုန်​မြို့​ကို​လည်း ပြန်လည်​တည်ဆောက်​၏​။


ယောကမံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။


အနောက်ဘက် ယာဖလက်​နယ်နိမိတ်​သို့ ဆင်းသွား​၍ အောက်​ဗေသောရုန်​နယ်နိမိတ်​မှ ဂေဇာ​မြို့​အထိ​ဆက်သွား​ပြီး ပင်လယ်​၌​ဆုံး​လေ​၏​။


ဧဖရိမ်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​နယ်မြေ​ကား ဤသို့​တည်း​။ သူ​တို့​ရရှိ​သော​အမွေမြေ​နယ်နိမိတ်​မှာ အရှေ့ဘက် အတရုတ်အဒ္ဒါ​မြို့​မှ အထက်​ဗေသောရုန်​မြို့​တိုင်အောင် ဖြစ်​၏​။


သူ​တို့​အား ဧဖရိမ်​တောင်ပေါ်ဒေသ​ရှိ ရှေခင်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ (ရှေခင်​မြို့​သည် မတော်တဆ​လူသတ်​မိ​သော​သူ​တို့ ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။)


ဒန်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဧလတေက​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂိဗ္ဗသုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ