အာသမင်းကြီးသည်လည်း ရာမမြို့ကို ဗာရှာမင်းကြီးတည်ရာ၌ အသုံးပြုခဲ့သော ကျောက်တုံး၊ သစ်သားများကို ပြည်သူပြည်သားတစ်ယောက်မကျန် သယ်ဆောင်ရမည်ဟု ယုဒပြည်တစ်ပြည်လုံးသို့ အမိန့်ထုတ်ပြန်၏။ ထို့နောက် အာသမင်းကြီးသည် ထိုပစ္စည်းများဖြင့် ဗင်္ယာမိန်နယ်တွင် ဂေဗမြို့နှင့် မိဇပါမြို့ကို တည်လေ၏။