Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 20:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ဤ​မြို့​များ​ကား အစ္စရေး​အမျိုးသား​များ​ဖြစ်စေ​၊ သူ​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​များ​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ မည်သူမဆို လူထု​ရှေ့​တွင် တရားစီရင်​ခြင်း​မ​ခံရ​မီ လက်စားချေ​မည့်​သူ​၏​လက်​၌ မ​သေ​ရ​မည့်​အကြောင်း ပြေးသွား​၍​ခိုလှုံ​ရန် ရွေးချယ်​ထား​သော​မြို့​များ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​နှင့်​အ​တူ နေ​ထိုင်​သော​လူ​မျိုး​ခြား​ဖြစ်​စေ၊ မ​တော်​တ​ဆ လူ​တစ်​ဦး​တစ်​ယောက်​ကို​သတ်​မိ​သူ​သည်​လက် စား​ချေ​မည့်​သူ​၏​လက်​မှ​လွတ်​မြောက်​ရန်​နှင့် သူ့ အား​လူ​ပ​ရိ​သတ်​ရှေ့​တွင်​တ​ရား​မ​စီ​ရင်​ရ သေး​မီ​သေ​စား​မ​သေ​စေ​ရန် ဤ​မြို့​များ​ကို ခို​လှုံ​ရာ​မြို့​များ​အ​ဖြစ်​ရွေး​ချယ်​ကြ သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ဤ​မြို့​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ အ​မှတ်​တ​မဲ့ လူ​အ​သက်​ကို သတ်​မိ​သော​သူ​သည် သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ ပ​ရိ​သတ်​ရှေ့​သို့ မ​ရောက်​မီ​တိုင်​အောင် ပြေး​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ ရွေး​ထား​သော​မြို့ ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 20:9
5 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပေး​သော​မြို့​တို့​တွင် မြို့​ခြောက်​မြို့​သည် သင်​တို့ ခိုလှုံ​ရာ​မြို့​ဖြစ်​ရ​မည်​။


ထို​မြို့​ခြောက်​မြို့​သည် အစ္စရေး​အမျိုးသား​ဖြစ်စေ​၊ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ သူ​တို့​၏​ဧည့်သည်​ဖြစ်စေ မရည်ရွယ်​ဘဲ​လူ​သတ်​မိ​သော​သူ​မည်သူမဆို ထွက်ပြေး​ပြီး သွားရောက်​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။


လူသတ်သမား​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ပြေးသွား​သောအခါ မြို့​တံခါး​အဝင်ဝ​၌​ရပ်​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​အား မိမိ​အမှုကိစ္စ​များ​ကို ပြောပြ​ရ​မည်​။ အကြီးအကဲ​တို့​သည် လူသတ်သမား​ကို မြို့​ထဲသို့​ခေါ်သွား​၍ နေရာ​ချပေး​ရ​မည်​။ သူ​တို့​နှင့်အတူ နေထိုင်​စေ​ရ​မည်​။


လူသတ်သမား​သည် လူထု​ရှေ့​တွင် ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ​၊ ထို​ကာလ​ရှိ ယဇ်ပုရောဟိတ်​မင်း မ​ကွယ်လွန်​မီ ထို​မြို့​၌ နေ​ရ​မည်​။ ထို့နောက်မှ သူ​ထွက်ပြေး​လာ​ခဲ့​သော သူ့​မြို့​၊ သူ့​အိမ်​သို့ ပြန်လာ​ခွင့်​ရှိ​၏​’​ဟူ၍ ဆင့်ဆို​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျေရိခေါ​မြို့​အရှေ့ဘက် ရုဗင်​အမျိုးအနွယ်​ပိုင် ကန္တာရ​လွင်ပြင်​ရှိ ဗေဇာ​မြို့​၊ ဂဒ်​အမျိုးအနွယ်​ပိုင် ဂိလဒ်​ပြည်​ရှိ ရာမုတ်​မြို့​၊ မနာရှေ​အမျိုးအနွယ်​ပိုင် ဗာရှန်​ပြည်​ရှိ ဂေါလန်​မြို့​တို့​ကို ရွေးချယ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ