Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 20:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 မရည်ရွယ်​ဘဲ မတော်တဆ​လူ​သတ်​မိ​သော​လူသတ်သမား​သည် ထို​မြို့​တို့​သို့​ပြေးသွား​နိုင်​၏​။ ထို​မြို့​တို့​သည် လက်စားချေ​မည့်​သူ​၏​လက်​မှ လွတ်မြောက်​ရန် သင်​တို့​ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 လူ​အ​သက်​ကို သတ်​မည်​ဟု အ​ကြံ​မ​ရှိ​ဘဲ အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည် ပြေး၍ မှီ​ခို​ရာ​မြို့​တို့​ကို ရွေး​ထား​ကြ​လော့။ သေ​စား​သေ​စေ​သော​သူ​လက်​နှင့် လွတ်၍ မှီ​ခို​ရာ​မြို့ ဖြစ်​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 20:3
8 ပူးပေါင်းရင်းမြစ်များ  

ထို​အမျိုးသမီး​က “​အရှင်မင်းကြီး​၊ သွေးကြွေးတောင်း​သော​သူ​တို့​သည် လူ့​အသက်​ကို ထပ်၍​မ​သတ်​ကြ​စေရန်​၊ အကျွန်ုပ်​၏​သား​ကို​မ​ဖျက်ဆီး​ကြ​စေရန် အရှင်မင်းကြီး​၏​ဘုရားသခင် ထာဝရဘုရား​ကို အောက်မေ့​တော်မူ​ပါ​”​ဟု လျှောက်ပြန်​လျှင် ရှင်ဘုရင်​က “​ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင့်​သား​၏​ဆံချည်​တစ်​မျှင်​မျှ မြေ​ပေါ်​မ​ကျ​စေ​ရ​”​ဟု ပြန်​မိန့်ဆို​၏​။


“​အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ ‘​မ​လုပ်​ရ​’​ဟု ထာဝရဘုရား​ပညတ်​ထား​တော်မူ​သော​ပညတ်တော်​ထဲမှ ပညတ်ချက်​တစ်ခုခု​ကို တစ်စုံတစ်ယောက်​သည် မရည်ရွယ်​ဘဲ​လုပ်​၍ အပြစ်ပြု​မိ​လျှင်​လည်းကောင်း​၊


လူသတ်​မိ​သော​သူ​သည် လူထု​ရှေ့​၌​ရပ်​၍​တရားစီရင်​ခြင်း​မ​ခံရ​မီ အသတ်​မ​ခံရ​မည့်​အကြောင်း လက်စားချေ​သူ​၏​လက်​မှ​လွတ်မြောက်​ရန်​အတွက် ထို​မြို့​တို့​သည် ခိုလှုံ​နိုင်​သော​မြို့​ဖြစ်​ရ​မည်​။


သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို​တွေ့​လျှင် သူ​ကိုယ်တိုင်​သတ်​ရ​မည်​။


ရန်ငြိုး​မ​ရှိ​ဘဲ လူ​ကို​အမှတ်မထင်​တွန်းချ​မိ​၍​ဖြစ်စေ​၊ မ​ချောင်းမြောင်း​ဘဲ ပစ္စည်း​တစ်ခုခု​ဖြင့် ပစ်​မိ​၍​ဖြစ်စေ​၊


ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘မောရှေ​မှတစ်ဆင့် ငါ​မိန့်မှာ​ခဲ့​သည့်​အတိုင်း သင်​တို့​အဖို့ ခိုလှုံ​ရာ​မြို့​ကို ရွေးချယ်​ထား​လော့​။


လူသတ်သမား​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ပြေးသွား​သောအခါ မြို့​တံခါး​အဝင်ဝ​၌​ရပ်​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​အား မိမိ​အမှုကိစ္စ​များ​ကို ပြောပြ​ရ​မည်​။ အကြီးအကဲ​တို့​သည် လူသတ်သမား​ကို မြို့​ထဲသို့​ခေါ်သွား​၍ နေရာ​ချပေး​ရ​မည်​။ သူ​တို့​နှင့်အတူ နေထိုင်​စေ​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ