Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 2:7 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 မင်းမှုထမ်း​တို့​သည် ဂျော်ဒန်​မြစ်​နံဘေး​လမ်း​အတိုင်း ရေတိမ်ပိုင်း​အထိ ထို​သူ​တို့​နောက်သို့ လိုက်​ကြ​၏​။ မြို့ပြင်​သို့​ရောက်​သည်​နှင့် မြို့​တံခါး​လည်း​ပိတ်​သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 မင်း​ကြီး​စေ​လွှတ်​လိုက်​သူ​များ​မြို့​ပြင်​သို့ ရောက်​သည့်​အ​ခါ မြို့​တံ​ခါး​ကို​ပိတ်​လိုက် ကြ​၏။ သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ် လျှောက်​နိုင်​သည့်​မြစ်​ကမ်း​အ​ထိ​သူ​လျှို​များ​ကို​လိုက်​လံ​ရှာ​ဖွေ​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 2:7
6 ပူးပေါင်းရင်းမြစ်များ  

“ထောင်​ခန်း​ကို မြဲမြံ​လုံခြုံ​စွာ​ပိတ်​ထား​လျက် အစောင့်​များ​လည်း တံခါး​ရှေ့၌​ရပ်​နေ​ကြ​သည်​ကို အကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့သော် ဖွင့်​ကြည့်​လိုက်​သောအခါ အထဲ၌ မည်သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သတင်းပို့​ကြ​၏။


ညဥ့်နက်​တံခါး​ပိတ်​ခါနီး​တွင် သူ​တို့​ထွက်သွား​ကြ​ပါ​၏​။ အဘယ်​အရပ်​သို့​သွား​ကြ​သည်​ကို မ​သိ​ပါ​။ သူ​တို့​နောက်သို့ အလျင်အမြန်​လိုက်​ကြ​ပါ​လော့​။ မီ​ကောင်း​မီ​နိုင်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ရာခပ်​သည် ထို​သူ​တို့​ကို ခေါင်မိုးပြင်​သို့​တက်​စေ​ပြီး ခေါင်မိုးပြင်​၌ ဖြန့်​ထား​သော​ဗီသွာရိုး​များ​အောက်​၌ ဝှက်​ထား​နှင့်​ပြီ​။


ရာခပ်​လည်း ထို​သူ​တို့​မ​အိပ်​မီ သူ​တို့​ရှိ​ရာ ခေါင်မိုးပြင်​ပေါ်သို့​တက်လာ​၍


ဂိလဒ်​ပြည်သား​တို့​သည် ဧဖရိမ်​တို့​ပိုင်​သော​ဂျော်ဒန်​မြစ်ရေတိမ်ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး​ဖြစ်၍ ထို​နေရာ​သို့ ဧဖရိမ်​အမျိုးသား​တစ်ယောက်ယောက်​က ထွက်ပြေး​လာ​ပြီး “​အကျွန်ုပ် ဖြတ်ကူး​ပါရစေ​”​ဟု ဆို​လျှင် ဂိလဒ်​ပြည်သား​တို့​က “​သင်​သည် ဧဖရိမ်​အမျိုးသား​လော​”​ဟု မေး​၍ သူ​က “​မ​ဟုတ်​ပါ​”​ဟု ဖြေ​လျှင်


“​ငါ့​နောက် လိုက်​ကြ​လော့​။ ထာဝရဘုရား​သည် သင်​တို့​၏​ရန်သူ​မောဘ​လူမျိုး​တို့​ကို သင်​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​၏​။ သူ​တို့​သည်​လည်း ဧဟုဒ​နောက်သို့​လိုက်​၍ မောဘ​ပြည်​သို့​ကူး​သော ဂျော်ဒန်​မြစ်​ရေတိမ်​ပိုင်း​တို့​ကို သိမ်းပိုက်​ပြီး မည်သူ့​ကို​မျှ ဖြတ်ကူးခွင့်​မ​ပြု​ကြ​ပေ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ