Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 17:5 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

5 မနာရှေ​အမျိုးအနွယ်​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ဂိလဒ်​ပြည်​နှင့် ဗာရှန်​ပြည်​အပါအဝင် အခြား​အမွေမြေ​ဝေစု​ဆယ်​စု​ကို​လည်း ရ​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

5 သို့​ဖြစ်​၍​မ​နာ​ရှေ​အ​နွယ်​သည်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​တွင် ဂိ​လဒ်​နယ်​နှင့်​ဗာ​ရှန်​နယ် များ​အ​ပြင်​ဝေ​စု​ဆယ်​စု​ကို​ရ​ရှိ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

5-6 ထို​သို့ မ​နာ​ရှေ၏​သ​မီး​တို့​သည် သား​တို့​နှင့်​အ​တူ အ​မွေ​ကို​ခံ​ရ၍၊ မ​နာ​ရှေ၏​သား​အ​ချို့​တို့​သည် ဂိ​လဒ်​ပြည်​ကို ရ​သော​ကြောင့်၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​မှ​တစ်​ပါး၊ မ​နာ​ရှေ​အ​မျိုး​သည် ဆယ်​ဖို့​ကို ရ​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:5
9 ပူးပေါင်းရင်းမြစ်များ  

နဿလိ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် မနာရှေ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။


ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ


တစ်နေ့တွင် ယောသပ်​အမျိုးသား​တို့​က ယောရှု​အား “​အဘယ်ကြောင့် အကျွန်ုပ်​တို့​အား ဝေစု​တစ်စုတည်း​ကို​သာ မဲချ​ခွဲဝေ​ပေး​သနည်း​။ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို ကောင်းချီးပေး​တော်မူ​သဖြင့် ယခု အကျွန်ုပ်​တို့​၏​လူ​ဦးရေ​တိုးပွား​နေ​ပြီ​”​ဟု လျှောက်ဆို​လေ​၏​။


ထို​မိန်းမ​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် ခေါင်းဆောင်​တို့​ထံ လာ​၍ “​အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​မောင်နှမ​များ​နှင့်အတူ အမွေ​ပေး​ရ​မည်​ဟု ထာဝရဘုရား​က မောရှေ​ကို မိန့်မှာ​ခဲ့​ပါ​၏​”​ဟု ဆို​သဖြင့် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​အား သူ​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အမွေမြေ​ကို ခွဲဝေ​ပေး​၏​။


အကြောင်းမူကား မနာရှေ​အမျိုးအနွယ်​၏​သမီး​တို့​သည် သား​တို့​နှင့်အတူ အမွေ​ရရှိ​သောကြောင့်​ဖြစ်​၏​။ ကျန်ရှိ​သော​မနာရှေ​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ကို​အမွေ​ရ​ကြ​၏​။


မောရှေ​က မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား ဗာရှန်​ပြည်​ကို အမွေမြေ​အဖြစ်​ပေး​ခဲ့​၏​။ ယောရှု​က ကျန်​မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား သူ​တို့​၏​ညီအစ်ကို​တို့​နှင့်အတူ ဂျော်ဒန်​မြစ်​အနောက်ဘက်ခြမ်း​ကို အမွေမြေ​အဖြစ်​ပေး​၏​။ သူ​တို့​ကို အိမ်​သို့​ပြန်​စေ​သောအခါ ယောရှု​သည် ကောင်းချီးပေး​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ