Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 17:4 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ထို​မိန်းမ​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် ခေါင်းဆောင်​တို့​ထံ လာ​၍ “​အကျွန်ုပ်​တို့​ကို အကျွန်ုပ်​တို့​မောင်နှမ​များ​နှင့်အတူ အမွေ​ပေး​ရ​မည်​ဟု ထာဝရဘုရား​က မောရှေ​ကို မိန့်မှာ​ခဲ့​ပါ​၏​”​ဟု ဆို​သဖြင့် ထာဝရဘုရား မိန့်မှာ​ခဲ့​သည့်​အတိုင်း သူ​တို့​အား သူ​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အမွေမြေ​ကို ခွဲဝေ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

4 သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်​၏ သား​ယော​ရှု​နှင့်​ခေါင်း​ဆောင်​တို့​ထံ​သို့​ချဉ်း ကပ်​၍``ကျွန်​မ​တို့​အား​လည်း​ကောင်း၊ ကျွန်​မ တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​သူ​အ​မျိုး​သား တို့​အား​လည်း​ကောင်း ပိုင်​ဆိုင်​ရန်​မြေ​ပေး​ရ မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ကို မိန့်​မှာ​ခဲ့​ပါ​သည်'' ဟု​လျှောက်​ထား​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​သူ​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ် သူ​အ​မျိုး​သား​များ​နည်း​တူ​မြေ​ကို​ရ​ရှိ ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

4 ထို​မိန်း​မ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ မင်း​များ​ရှေ့​သို့ ချဉ်း​ကပ်၍ အ​ကျွန်ုပ်​တို့​ပေါက်​ဖော်​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို အ​ကျွန်ုပ် တို့​အား​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​ပြီ​ဟု လျှောက်၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​အ​ဘ၏​ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 17:4
9 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍


ထိုသို့ သူ​၌​သား​မ​ရှိ​သောကြောင့် အကျွန်ုပ်​တို့​ဖခင်​၏​အမည်​ကို သူ့​မျိုးနွယ်စု​ထဲ​မှ နုတ်ပယ်​ကြ​မည်လော​။ အကျွန်ုပ်​တို့​ဖခင်​၏​ညီအစ်ကို​တို့​နှင့်အတူ အကျွန်ုပ်​တို့​ကို​လည်း အမွေ​ပေး​ပါ​လော့​”​ဟု တောင်းဆို​ကြ​၏​။


ဇလောဖဒ်​သမီး​တို့​သည်​လည်း မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​ကြ​၏​။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ခါနာန်​ပြည်​တွင် ယဇ်ပုရောဟိတ် ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​က အမွေခွဲ​ပေး​၍ အစ္စရေး​အမျိုးသား​တို့ ရရှိ​သော​အမွေမြေ​ကား ဤသို့​တည်း​။


မနာရှေ​အမျိုးအနွယ်​သည် ဂျော်ဒန်​မြစ်​အရှေ့ဘက်​ရှိ ဂိလဒ်​ပြည်​နှင့် ဗာရှန်​ပြည်​အပါအဝင် အခြား​အမွေမြေ​ဝေစု​ဆယ်​စု​ကို​လည်း ရ​သေး​၏​။


လေဝိ​အမျိုး​၏​အကြီးအမှူး​တို့​သည် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး​တို့​ရှိ​ရာ ခါနာန်​ပြည်​၊ ရှိလော​အရပ်​သို့​လာ​၍


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ