Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 16:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့​၌​နေထိုင်​သော ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ ယနေ့​တိုင်အောင် ခါနာန်​လူမျိုး​တို့​နှင့်အတူ​နေထိုင်​ကြ​၏​။ သို့သော် သူ​တို့​ကို အလုပ်ကြမ်း​လုပ်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သို့​ရာ​တွင်​သူ​တို့​သည်​ဂေ​ဇာ​မြို့​တွင်​နေ​ထိုင် သော​ခါ​နာန်​အ​မျိုး​သား​တို့​ကို​မ​နှင်​ထုတ် ဘဲ မိ​မိ​တို့​ထံ​တွင်​ကျွန်​အ​ဖြစ်​ဖြင့်​နေ​ထိုင် စေ​ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 16:10
12 ပူးပေါင်းရင်းမြစ်များ  

ဤသို့ ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ သူ​စံမြန်း​ရန်​နန်းတော်​၊ မိလ္လော​၊ ဂျေရုဆလင်​မြို့ရိုး​၊ ဟာဇော်​မြို့​၊ မေဂိဒ္ဒေါ​မြို့​၊ ဂေဇာ​မြို့​တို့​ကို တည်ဆောက်​ရန် အလုပ်ကြမ်းသမား​များ​ကို ခေါ်ယူ​ခဲ့​ရ​၏​။


အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​သည် ဂေဇာ​မြို့​ကို ချီတက်​သိမ်းပိုက်​ပြီး မီးရှို့​၍ ထို​မြို့သား​ခါနာန်​လူမျိုး​တို့​အား သတ်​ပြီးလျှင် ထို​မြို့​ကို မိမိ​သမီး​တော် ရှောလမုန်​မင်းကြီး​၏​မိဖုရား​အား လက်ဖွဲ့​အဖြစ် ပေး​ခဲ့​၏​။


အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။


အစ္စရေး​အမျိုးသား​တို့ အကုန်အစင်​မ​သုတ်သင်​နိုင်​ခဲ့​ဘဲ တိုင်းပြည်​တွင်​ကြွင်းကျန်​နေ​ခဲ့​သော​သူ​တို့​၏​သားမြေး​များ​ကို ရှောလမုန်​မင်းကြီး​သည် အလုပ်ကြမ်းသမား​များ​အဖြစ် ယနေ့​တိုင်အောင်​ထားရှိ​၏​။


ထိုအခါ ဂေဇာ​ဘုရင်​ဟောရံ​မင်းကြီး​သည် လာခိရှ​ဘုရင်​ကို စစ်ကူပေး​ရန် ချီလာ​၏​။ ယောရှု​သည် ထို​ဘုရင်​နှင့်​သူ​၏​စစ်သည်​တို့​ကို အသက်ရှင်​ကျန်ရစ်​သူ​မ​ရှိ​အောင် ချေမှုန်း​လေ​၏​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။


ဤသည်ကား မနာရှေ​အမျိုးသား​တို့​ရရှိ​သော​အမွေမြေ​ထဲမှ ဧဖရိမ်​အမျိုးသား​တို့​အား​ခွဲပေး​သော မြို့​ရွာ​များ ဖြစ်​၏​။


ခါနာန်​လူမျိုး​တို့​သည် ထို​အရပ်​တွင် အတင်း​နေထိုင်​ကြ​သောကြောင့် မနာရှေ​အမျိုးသား​တို့​သည် ထို​မြို့​တို့​တွင်​နေထိုင်​သော​သူ​တို့​ကို မ​နှင်ထုတ်​နိုင်​ခဲ့​ပေ​။


အစ္စရေး​အမျိုးသား​တို့ အင်အားကြီး​လာ​သောအခါ​တွင်​လည်း ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ဘဲ အလုပ်ကြမ်း​လုပ်​စေ​၏​။


ဧဖရိမ်​အမျိုးသား​တို့​သည် ဂေဇာ​မြို့သား ခါနာန်​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ထို့ကြောင့် ခါနာန်​လူမျိုး​တို့​သည် သူ​တို့​နှင့်အတူ ဂေဇာ​မြို့​၌ နေထိုင်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ