Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 15:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တစ်ဖန် နယ်နိမိတ်​သည် ထို​တောင်​ထိပ်​မှ နေဖတော​စမ်းရေတွင်း​သို့ ကွေ့သွား​၍ ဧဖရုန်​တောင်​ရှိ မြို့​များ​သို့​ရောက်​၏​။ ထိုမှ နယ်နိမိတ်​သည် ကိရယတ်ယာရိမ် ခေါ် ဗာလာ​အရပ်​သို့ ကွေ့သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ထို​မှ​တစ်​ဖန်​နေ​ဖ​တော​စမ်း​ရေ​တွင်း​နှင့် ဧ​ဖ​ရုန်​တောင်​အ​နီး​ရှိ​မြို့​များ​ကို​ဖြတ် ၍​ဗာ​လာ(သို့​မ​ဟုတ်​ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) သို့​ကွေ့​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​တောင်​ပေါ်​မှ ဆင်း​ပြန်၍၊ နေ​ဖ​တော​စမ်း​ရေ​တွင်း​ကို လျှောက်​သ​ဖြင့် ဧ​ဖ​ရုန်​တောင်​နှင့်​ဆိုင်​သော မြို့​များ​သို့​လည်း​ကောင်း၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တည်​ရာ ဗာ​လာ​မြို့​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 15:9
8 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ်​တို့​အထက်​တွင်​စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ယုဒ​ပြည်​၊ ဗာလာ​မြို့​သို့ ထ​သွား​လေ​၏​။


ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ်​တို့​အထက်​တွင် စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​နှင့်တကွ ယုဒ​ပြည်​၊ ကိရယတ်ယာရိမ် ခေါ် ဗာလာ​မြို့​သို့ သွား​လေ​၏​။


ဗာလာ​မြို့​၊ ဣအိမ်​မြို့​၊ ဧဇင်​မြို့​၊


ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၊ ရဗ္ဗာ​မြို့ စသည့်​မြို့​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။


တောင်ဘက်​ခြမ်း​တွင် နယ်နိမိတ်​သည် ကိရယတ်ယာရိမ်​မြို့​စွန်​မှ အနောက်ဘက်​သို့​ဆက်သွား​ပြီး နေဖတော​စမ်းရေတွင်း​သို့ ရောက်​၏​။


အစ္စရေး​အမျိုးသား​တို့ ခရီးပြု​ကြ​ရာ သုံး​ရက်​မြောက်​သော​နေ့​၌ ထို​သူ​တို့​နေထိုင်​ရာ ဂိဗောင်​မြို့​၊ ခေဖိရ​မြို့​၊ ဗေရုတ်​မြို့​၊ ကိရယတ်ယာရိမ်​မြို့​သို့ ရောက်လာ​ကြ​၏​။


သူ​တို့​သည် ယုဒ​ပြည်​၊ ကိရယတ်ယာရိမ်​မြို့​အနီး​သို့​ရောက်​သောအခါ စခန်းချ​ကြ​၏​။ ထို့ကြောင့် ထို​အရပ်​ကို မဟာနေဒန် ဟု​ယနေ့​တိုင်အောင် ခေါ်တွင်​၏​။ ထို​အရပ်​သည် ကိရယတ်ယာရိမ်​မြို့​၏​အနောက်ဘက်​တွင်​ရှိ​၏​။


ထို့နောက် သူ​တို့​သည် ကိရယတ်ယာရိမ်​မြို့သား​တို့​ထံသို့ တမန်​တို့​ကို​စေလွှတ်​၍ “​ဖိလိတ္တိ​လူမျိုး​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ကို ပြန်ပို့​လာ​ပြီ​။ သင်​တို့​လာ​၍ ယူဆောင်​သွား​ကြ​ပါ​လော့​”​ဟု မှာလိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ