Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 15:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 တစ်ဖန် နယ်နိမိတ်​သည် ဗာလာ​အရပ်​မှ စိရ​တောင်​ရှိ​ရာ​အနောက်ဘက်​သို့​ကွေ့သွား​၏​။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်​ယာရိမ်​တောင်​စောင်း​တစ်လျှောက်​ကို​ဖြတ်​၍ ဗက်ရှေမက်​မြို့​သို့​ဆင်းလာ​ပြီး တိမနတ်​မြို့​ကို ဖြတ်သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​မြို့​မှ​လှည့်​ပြီး​လျှင်​အ​နောက်​တောင်​ကုန်း ဒေ​သ​သို့​ရောက်​၍​ယာ​ရိမ်​တောင်(သို့​မ​ဟုတ် ခေ​သ​လုန်​တောင်) မြောက်​ဘက်​မှ​အောက်​ဘက် ရှိ​ဗက်​ရှေ​မက်​မြို့​သို့​ရောက်​ပြီး​နောက် တိ​မ​နာ​မြို့​ကို​ဖြတ်​၍​သွား​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ဗာ​လာ​မြို့ အ​နောက်​ဘက်​နား​မှာ​လျှောက်​လျက် စိ​ရ​တောင်​သို့​လည်း​ကောင်း၊ ခေ​သ​လုန်​တောင်​တည်း​ဟူ​သော ယာ​ရိမ်​တောင် မြောက်​ဘက်​နား​မှာ​လျှောက်​လျက် ဗက်​ရှေ​မက်​မြို့၊ တိ​မ​နာ​မြို့​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 15:10
12 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​နာမ​တော်​ဖြင့် ခေါ်ဝေါ်သမုတ်​သော​၊ ခေရုဗိမ်​တို့​အထက်​တွင်​စံနေ​တော်မူ​သော ဘုရားသခင်​၏​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ရန် ဒါဝိဒ်​မင်းကြီး​သည် မိမိ​လူ​အပေါင်း​တို့​နှင့်တကွ ယုဒ​ပြည်​၊ ဗာလာ​မြို့​သို့ ထ​သွား​လေ​၏​။


သို့သော် အာမဇိ​မင်းကြီး​သည် နား​မ​ထောင်​ပေ​။ ထိုအခါ အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး​စစ်ချီလာ​ပြီး ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​ကို ယုဒ​ပြည်​၊ ဗက်ရှေမက်​မြို့​တွင် ရင်ဆိုင်တိုက်ခိုက်​လေ​၏​။


ထို့ပြင် ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​နှင့် ယုဒ​ပြည်​နေဂေ့​အရပ်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး ဗက်ရှေမက်​မြို့​၊ အာယလုန်​မြို့​၊ ဂေဒရုတ်​မြို့​၊ စောခေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​ရွာ​များ​၊ တိမနတ်​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​၊ ဂိမဇော​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​ကို သိမ်းပိုက်​ကာ ထို​နေရာ​တို့​၌ နေထိုင်​ကြ​၏​။


တစ်ဖန် နယ်နိမိတ်​သည် ဧကြုန်​မြောက်ဘက်​တောင်စောင်း​တစ်လျှောက် တက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ရှိကြုန်​အရပ်​သို့​ကွေ့သွား​ပြီး ဗာလာ​တောင်​ကို​ဖြတ်​၍ ယာဗနေလ​အရပ်​သို့​ဆက်သွား​၏​။ ထိုမှ နယ်နိမိတ်​သည် ပင်လယ်​၌​ဆုံး​လေ​၏​။


ကာဣန​မြို့​၊ ဂိဗာ​မြို့​၊ တိမနတ်​မြို့ စသည့်​မြို့​ပေါင်း ဆယ်​မြို့​နှင့်​ရွာ​များ ပါ​၏​။


ဣရုန်​မြို့​၊ မိဂဒလေလ​မြို့​၊ ဟောရင်​မြို့​၊ ဗက်အာနတ်​မြို့​၊ ဗက်ရှေမက်​မြို့​စသော မြို့​ပေါင်း​တစ်ဆယ့်ကိုး​မြို့​နှင့် ရွာ​များ ပါဝင်​၏​။


အဣန​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယုတ္တ​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်​ဖြင့် မြို့​ကိုး​မြို့​ကို အမျိုးအနွယ်​နှစ်​နွယ်​ရ​သော​အမွေမြေ​မှ ခွဲဝေ​ပေး​ခြင်း​ဖြစ်​၏​။


ရှံဆုန်​သည် တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​မြို့​၌ ဖိလိတ္တိ​မိန်းမပျို​များ​ထဲမှ မိန်းကလေး​တစ်ဦး​ကို တွေ့​၏​။


ရှံဆုန်​သည် မိဘ​တို့​နှင့်တကွ တိမနတ်​မြို့​သို့ ဆင်းသွား​ရာ တိမနတ်​စပျစ်ခြံ​များ​အနီး​သို့ ရောက်​သောအခါ ကြည့်ရှု​လော့​။ ခြင်္သေ့ပျို​တစ်​ကောင်​သည် သူ့​အား ဟိန်းဟောက်​ရန်ပြု​လေ​၏​။


သို့သော် လှည်း​ကို စောင့်ကြည့်​ပါ​။ သေတ္တာ​တော်​ရှိ​ခဲ့​ရာ​နယ်​သို့​သွား​သော​လမ်း​ဖြစ်​သည့် ဗက်ရှေမက်​မြို့​သို့ တက်သွား​မည်​ဆို​လျှင် ကိုယ်တော်​သည် ငါ​တို့​အပေါ် ဤ​ဘေးဆိုး​ကြီး ကျရောက်​စေ​သည်​မှာ မှန်​၏​။ ထို​လမ်း​သို့​မ​တက်​လျှင်​မူကား ကိုယ်တော်​၏​လက်​တော်​သည် ငါ​တို့​ကို ဒဏ်ခတ်​တော်မူ​သည်​မ​ဟုတ်​ဘဲ တိုက်ဆိုင်မှု​သာ​ဖြစ်ကြောင်း သိ​ရ​ကြ​မည်​”​ဟု ဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ