Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 14:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 မောရှေ​သည် အစ္စရေး​အမျိုးအနွယ် နှစ်​နွယ်​နှင့်​တစ်ဝက်​ကို ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း​တွင် အမွေမြေ​ပေး​ခဲ့​ပြီး​ဖြစ်​၏​။ လေဝိ​အမျိုး​ကို​ကား အမွေမြေ မ​ခွဲပေး​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3-4 မော​ရှေ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​နှစ်​နွယ်​နှင့် အ​နွယ်​တစ်​ဝက်​တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​ပြီး ဖြစ်​သည်။ (ယော​သပ်​၏​အ​ဆက်​အ​နွယ်​တို့ ကို​မ​နာ​ရှေ​အ​နွယ်​နှင့်​ဧ​ဖ​ရိမ်​အ​နွယ်​ဟူ ၍​နှစ်​စု​ခွဲ​ထား​သည်။) မော​ရှေ​သည်​လေ​ဝိ အ​နွယ်​အား​နယ်​မြေ​ဝေ​စု​မ​ပေး​ခဲ့​ချေ။ သို့​ရာ​တွင်​သူ​တို့​အား​နေ​ထိုင်​ရန်​မြို့​များ နှင့်​တ​ကွ​တိရစ္ဆာန်​စား​ကျက်​များ​ကို​ခွဲ​ဝေ ပေး​ခဲ့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​နှစ်​မျိုး​နှင့် တစ်​ဝက်​တို့​အား၊ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ပေး​နှင့်​ပြီ။ လေ​ဝိ​သား​တို့​အား အ​ခြား​သော​အ​မျိုး​နှင့်​ရော၍ အ​မွေ​မ​ပေး။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 14:3
9 ပူးပေါင်းရင်းမြစ်များ  

မြေ​ကို​အမွေ​ခွဲဝေ​သောအခါ သင်​တို့​သည် ထို​မြေ​ထဲမှ မြေ​တစ်ကွက်​ကို သန့်ရှင်း​သော​အလှူ​အဖြစ် ထာဝရဘုရား​အဖို့ ခွဲထား​ရ​မည်​။ ထို​မြေ​သည် အလျား​အတောင်​နှစ်သောင်းငါးထောင်​၊ အနံ​အတောင်​တစ်သောင်း ရှိ​ရ​မည်​။ ထို​မြေ​ပတ်ပတ်လည်​နယ်နိမိတ်​သည်​လည်း သန့်ရှင်း​ရ​မည်​။


ထာဝရဘုရား​၏​အစေအပါး​မောရှေ​နှင့်​အစ္စရေး​အမျိုးသား​တို့​သည် ထို​ပြည်​တို့​ကို​အောင်​နိုင်​ပြီးလျှင် ထာဝရဘုရား​၏​အစေအပါး​မောရှေ​သည် ထို​ပြည်​ကို ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​နှင့် မနာရှေ​အမျိုး​တစ်ဝက်​အား ပိုင်ဆိုင်​ရာ​အဖြစ်​ပေး​လေ​၏​။


မောရှေ​သည် လေဝိ​အမျိုး​တို့​ကို အမွေမြေ မ​ပေး​။ သူ​တို့​အား​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​သည် သူ​တို့​၏​အမွေ​ဖြစ်​၏​။


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊


ဟေရှဘုန်​မြို့​နှင့်တကွ လွင်ပြင်​ရှိ ဒိဘုန်​မြို့​၊ ဗာမုတ်ဗာလ​မြို့​၊ ဗက်ဗာလမုန်​မြို့​၊


ကျန်​မနာရှေ​အမျိုး​တစ်ဝက်​နှင့် ရုဗင်​အမျိုး​၊ ဂဒ်​အမျိုး​တို့​မူကား ဂျော်ဒန်​မြစ်​အရှေ့ဘက်​တွင် မောရှေ​ခွဲပေး​သော အမွေမြေ​ကို ရ​ပြီး​ဖြစ်​၏​။ ထာဝရဘုရား​၏​ကျွန်​မောရှေ​ခွဲပေး​ခဲ့​သည့်​အတိုင်း


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ