Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 13:30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

30 ဗာရှန်​ပြည်​ရှိ ယာဣရ​မြို့ငယ်​ပေါင်း ခြောက်ဆယ်​အပါအဝင် ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​အုပ်စိုး​သော မဟာနိမ်​မြို့​မှ ဗာရှန်​ပြည်​တစ်ပြည်လုံး​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

30 သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

30 မ​ဟာ​နိမ်​မြို့​မှ​စ၍ ဗာ​ရှန်​ပြည်​တည်း​ဟူ​သော ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​တစ်​လျှောက်​လုံး၊ ဗာ​ရှန်​ပြည်၌​ပါ​သော ယာ​ဣ​ရ​မြို့​ခြောက်​ဆယ်​ကို အ​မွေ​ခံ​ရ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:30
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယာကုပ်​သည် စိရ​ပြည်​၊ ဧဒုံ​အရပ်​ရှိ မိမိ​အစ်ကို​ဧသော​ထံသို့ စေတမန်​တို့​ကို ရှေ့ပြေး​အဖြစ်​စေလွှတ်​၍


အစ္စရေး​လူမျိုး​တို့​သည် ဗာရှန်​ပြည်​လမ်း​သို့ လှည့်​၍​တက်သွား​ကြ​၏​။ ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​သည် မိမိ​၏​လူ​အပေါင်း​တို့​နှင့်အတူ အစ္စရေး​လူမျိုး​တို့​ကို ဆီးတား​တိုက်ခိုက်​ရန် ဧဒြိ​အရပ်​သို့ ထွက်လာ​၏​။


ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ရှိ မြို့​များ​ဖြစ်​သည့် သာလက​နှင့်​ဧဒြိ​တိုင်အောင် လွင်ပြင်​ရှိ​မြို့​အားလုံး​၊ ဂိလဒ်​ပြည်​တစ်ပြည်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ကြ​၏​။


ဗာရှန်​ဘုရင်​ဩဃ​မင်းကြီး​၏​နိုင်ငံ​ဖြစ်​သော အာဂေါဘ​နယ်မြေ​တစ်ခုလုံး​တွင် မြို့​ပေါင်း​ခြောက်ဆယ်​ရှိ​၍ ငါ​တို့​သည် သူ​၏​မြို့​ရှိသမျှ​ကို တစ်​မြို့​မ​ကျန် သိမ်းပိုက်​ကြ​၏​။


ဟေရှဘုန်​မြို့​မှ ရာမတ်​မိဇပါ​မြို့​၊ ဗေတောနိမ်​မြို့​အထိ​၊ မဟာနိမ်​မြို့​မှ ဒေဗိရ​မြို့​နယ်နိမိတ်​အထိ​၊


မောရှေ​သည် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​အား အမွေမြေ​ခွဲဝေ​ပေး​၏​။ မျိုးနွယ်စု​အလိုက် မနာရှေ​အမျိုးအနွယ်​တစ်ဝက်​ရ​ရှိ​သော​နယ်မြေ​ကား


အကြောင်းမူကား မနာရှေ​အမျိုးအနွယ်​၏​သမီး​တို့​သည် သား​တို့​နှင့်အတူ အမွေ​ရရှိ​သောကြောင့်​ဖြစ်​၏​။ ကျန်ရှိ​သော​မနာရှေ​အမျိုးသား​တို့​သည် ဂိလဒ်​ပြည်​ကို​အမွေ​ရ​ကြ​၏​။


ဂဒ်​အမျိုးအနွယ်​ရ​သော​အမွေမြေ​ထဲမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ