Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 13:27 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ချိုင့်ဝှမ်းလွင်ပြင်​ရှိ ဗက်ဟာရန်​မြို့​၊ ဗက်နိမရ​မြို့​၊ သုကုတ်​မြို့​၊ ဇာဖုန်​မြို့​၊ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​ကျန်​သော​နယ်မြေ​၊ ဂျော်ဒန်​မြစ်​နယ်နိမိတ်​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက်ခြမ်း ဂင်နေသရက်​အိုင်​အထိ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

27 ချိုင့်၌​လည်း၊ ဗေ​သာ​ရံ​မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​အ​စ​ရှိ​သော ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယော်​ဒန်​မြစ်​အ​ပိုင်း​အ​ခြား၊ ဂင်္နေ​သ​ရက်​အိုင်​နား​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​ပိုင်​သော နိုင်​ငံ​ကျန်​ကြွင်း​သ​မျှ​ကို ပေး​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:27
14 ပူးပေါင်းရင်းမြစ်များ  

ယာကုပ်​မူကား သုကုတ်​အရပ်​သို့​ခရီးပြု​၍ ထို​အရပ်​၌ အိမ်​ကို​ဆောက်​လေ​၏​။ မိမိ​တိရစ္ဆာန်​များ​အတွက်​လည်း ယာယီတဲ​များ​ကို​ဆောက်​လေ​၏​။ ထို့ကြောင့် ထို​အရပ်​၏​အမည်​ကို သုကုတ် ဟု​ခေါ်​၏​။


ရှင်ဘုရင်​သည် ထို​ပစ္စည်း​အားလုံး​ကို သုကုတ်​မြို့​နှင့် ဇာရတန်​မြို့​ကြား ဂျော်ဒန်​မြစ်ဝှမ်း​ရှိ ရွှံ့စေး​မြေ​အရပ်​၌ သွန်းလုပ်​၏​။


ဘုရားသခင်​သည် မိမိ​၏​သန့်ရှင်းရာဌာန​တော်​မှ မိန့်​တော်မူ​သည်​မှာ “​ငါ​သည် ရွှင်မြူး​ခြင်း​ရှိ​လျက် ရှေခင်​မြို့​ကို​ခွဲဝေ​၍ သုကုတ်​ချိုင့်ဝှမ်း​ကို​တိုင်းတာ​ဝေခြမ်း​မည်​။


“​အတရုတ်​၊ ဒိဘုန်​၊ ယာဇာ​၊ နိမရ​၊ ဟေရှဘုန်​၊ ဧလာလေ​၊ ရှေဘံ​၊ နေဗော​၊ ဗောန​စသော


ဗက်နိမရ​၊ ဗေသာရန်​စသော ခံတပ်​မြို့​များ​နှင့် သိုးခြံ​များ​ကို တည်ဆောက်​ကြ​၏​။


နယ်နိမိတ်​သည် ရှေဖံ​မှ အဣန​အရှေ့ဘက် ရိဗလ​တိုင်အောင် ဆင်းလာ​ရ​မည်​။ ထိုမှ နယ်နိမိတ်​သည် ဆက်သွား​၍ အရှေ့ဘက်​တွင်​ဂင်နေသရက်​အိုင်​စပ်​အထိ ရောက်​ရ​မည်​။


တစ်နေ့သ၌ ယေရှု​သည် ဂင်နေသရက်​အိုင်​နား​တွင် ရပ်​လျက်​နေ​တော်မူ​စဉ် လူထု​ပရိသတ်​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​ကြားနာ​ရန် ကိုယ်တော်​ထံသို့​တိုးဝှေ့​လာ​ကြ​၏။


ဂျော်ဒန်​မြစ်​ဖြင့်​နယ်နိမိတ်​ပိုင်းခြား​ထား​သည့်​အရာဗ​လွင်ပြင်​အထိ ငါ​ပေး​၏​။ ထို​အရာဗ​လွင်ပြင်​သည် ဂင်နေသရက်​အိုင်​မှ အရှေ့ဘက်​ပိသဂါ​တောင်ခြေ​ရှိ ဆား​ပင်လယ်​ဟု​ခေါ်​သော အရာဗ​ပင်လယ်​အထိ​ကျယ်ပြန့်​၏​။


မြောက်ပိုင်း​တောင်ပေါ်ဒေသ​၊ ဂင်နေသရက်​အိုင်​တောင်ဘက် အရာဗ​လွင်ပြင်​၊ မြေနိမ့်ဒေသ​၊ အနောက်ဘက်​ဒေါရ​ပြည် စသည်​တို့​မှ ဘုရင်​တို့​ထံသို့​လည်းကောင်း​၊


အရာဗ​လွင်ပြင်​မှ ဂင်နေသရက်​အိုင်​အရှေ့ဘက်​အထိ​၊ ဆား​ပင်လယ်​ဟု​ခေါ်​သော​အရာဗ​ပင်လယ်​မှ အရှေ့ဘက်​ဗက်ယေရှိမုတ်​မြို့​အထိ​၊ တောင်ဘက် ပိသဂါ​တောင်ခြေ​အထိ​၊


ဟေရှဘုန်​မြို့​မှ ရာမတ်​မိဇပါ​မြို့​၊ ဗေတောနိမ်​မြို့​အထိ​၊ မဟာနိမ်​မြို့​မှ ဒေဗိရ​မြို့​နယ်နိမိတ်​အထိ​၊


ဤသည်ကား ဂဒ်​အမျိုးအနွယ်​တို့ မျိုးနွယ်စု​အလိုက် အမွေမြေ​အဖြစ်​ရရှိ​သော​မြို့​ရွာ​များ​ဖြစ်​သတည်း​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ