Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 13:2 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ကျန်ရှိ​နေ​သော​မြေ​များ​မှာ ဖိလိတ္တိ​နယ်မြေ​တစ်ခုလုံး​၊ ဂေရှုရိ​နယ်မြေ​တစ်ခုလုံး​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဖိ​လိတ္တိ​ပြည်​တစ်​နယ်​လုံး၊ ဂေ​ရှု​ရိ​တစ်​နယ်​လုံး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ကျန်​သော​မြေ​ဟူ​မူ​ကား၊ ဖိ​လိ​တ္တိ​ပြည်​မှ​စ၍ ဂေ​ရှု​ရိ​ပြည်​တစ်​လျှောက်​လုံး၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 13:2
15 ပူးပေါင်းရင်းမြစ်များ  

ပါသရုသိမ်​လူမျိုး​နှင့် ဖိလိတ္တိ​လူမျိုး​ဆင်းသက်​လာ​ရာ ကာသလုဟိမ်​လူမျိုး​၊ ကတ္တောရိမ်​လူမျိုး​တို့​၏​ဖခင်​ဖြစ်​၏​။


အာဗြဟံ​လက်ထက်​၌​ကျရောက်​ခဲ့​ဖူး​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​မ​ဟုတ်​ဘဲ​၊ ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ထပ်မံ​ကျရောက်​သည်​ဖြစ်၍ ဣဇက်​သည် ဖိလိတ္တိ​ဘုရင်​အဘိမလက်​မင်းကြီး​ရှိ​ရာ​ဂေရာ​မြို့​သို့ သွား​လေ​၏​။


အကျွန်ုပ်​သည် ဆီးရီးယား​ပြည်​၊ ဂေရှုရ​မြို့​တွင်​နေ​စဉ်က ‘​ထာဝရဘုရား​သည် အကျွန်ုပ်​ကို ဂျေရုဆလင်​မြို့​သို့ အမှန်တကယ်​ပြန်လည်​ပို့ဆောင်​တော်မူ​လျှင် ထာဝရဘုရား​ကို အကျွန်ုပ်​ဝတ်ပြု​ပါ​မည်​’​ဟု ကျွန်တော်မျိုး​ကတိသစ္စာ​ပြု​ခဲ့​ပါ​ပြီ​”​ဟု လျှောက်​၏​။


ဒုတိယ​သား​မှာ ကရမေလ​မြို့သူ နာဗလ​၏​မယား​ဖြစ်​ဖူး​ခဲ့​သော​အဘိဂဲလ​နှင့်​ရ​သော​ခိလပ်​၊ တတိယ​သား​မှာ ဂေရှုရ​ဘုရင်​တာလမဲ​မင်းကြီး​၏​သမီး​တော်​မာခါ​နှင့်​ရ​သော​အဗရှလုံ​၊


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


ပင်လယ်​ကမ်းရိုးတန်း​၌​နေထိုင်​သော​ခေရသိ​လူမျိုး​တို့​၊ သင်​တို့​၌​အမင်္ဂလာ​ရှိ​၏​။ အို ခါနာန်​ပြည်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​ကို ဆန့်ကျင်​လျက် “စင်စစ် သင်​တို့​ကို တစ်ယောက်မကျန် ငါ​ဖျက်ဆီး​မည်”​ဟု မိန့်ဆို​ပြီ​။


မနာရှေ​အမျိုး ယာဣရ​သည် ဂေရှုရိ​လူမျိုး​နှင့်​မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​တိုင်အောင် အာဂေါဘ​နယ်မြေ​တစ်ဝန်းလုံး​ဖြစ်​သော ဗာရှန်​ပြည်​ကို​သိမ်းယူ​၍ မိမိ​၏​အမည်​ဖြင့် ဟာဝုတ်​ယာဣရ ဟု​ယနေ့​တိုင်အောင် မှည့်ခေါ်​လေ​၏​။)


ဟေရမုန်​တောင်​၊ သာလက​အရပ်​နှင့် ဗာရှန်​တစ်ပြည်လုံး​မှစ၍ ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​တစ်ဝက်​မှစ၍ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်နိမိတ်​အထိ သိမ်းပိုက်​နိုင်​ခဲ့​၏​။


ဂိလဒ်​ပြည်​၊ ဂေရှုရိ​လူမျိုး​နှင့် မာခါသိ​လူမျိုး​တို့​၏​နယ်မြေ​၊ ဟေရမုန်​တောင်​တစ်တောင်လုံး​၊ ဗာရှန်​ပြည်​တစ်ပြည်လုံး​မှစ၍ သာလက​မြို့​အထိ


သို့သော် အစ္စရေး​အမျိုးသား​တို့​သည် ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​ကို မ​နှင်ထုတ်​ခဲ့​ပေ​။ ယနေ့​တိုင်အောင် ဂေရှုရ​ပြည်သား​၊ မာခါ​ပြည်သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့်အတူ နေထိုင်​လျက်​ရှိ​ကြ​၏​။


ခါနာန်​ပြည်​စစ်ပွဲ​တွင် မ​ပါဝင်​ဖူး​သော​အစ္စရေး​လူမျိုး​များ​ကို စမ်းသပ်​ရန် ထာဝရဘုရား ချန်ထား​တော်မူ​သော လူမျိုး​များ​မှာ


ထိုသို့​နေ​စဉ်တွင် ဒါဝိဒ်​နှင့် သူ့​နောက်လိုက်​တို့​သည် ဂေရှုရိ​လူမျိုး​၊ ဂေရဇိ​လူမျိုး​နှင့် အာမလက်​လူမျိုး​တို့ ရှေးကတည်းကပင် နေထိုင်​ရာ​ဖြစ်​သော ရှုရ​အရပ်​တစ်လျှောက် အီဂျစ်​ပြည်​အထိ ချီတက်​တိုက်ခိုက်​လေ့​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ