ယောရှု 11:8 - မြန်မာ့စံမီသမ္မာကျမ်8 ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ရန်သူများကိုအနိုင်ရစေ တော်မူ၏။ သူတို့သည်မြောက်ဘက်ဇိဒုန် မြို့နှင့်မိသရဖောသမိမ်မြို့များသို့ တိုင်အောင်လည်းကောင်း၊ အရှေ့ဘက်မိဇပါ ချိုင့်ဝှမ်းသို့တိုင်အောင်လည်းကောင်း ရန်သူ များကိုလိုက်လံတိုက်ခိုက်၍တစ်ယောက် မကျန်သတ်ဖြတ်သုတ်သင်ကြသည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကိုလုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖောသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့်တိုင်အောင်လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။