Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 11:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဟာဇော်​ဘုရင် ယာဘိန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​၏​သတင်း​ကို ကြား​သောအခါ မာဒုန်​ဘုရင်​ယောဗပ်​မင်းကြီး​၊ ရှိမရုန်​ဘုရင်​၊ အာခရှပ်​ဘုရင်​တို့​ထံသို့​လည်းကောင်း​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဟာ​ဇော်​မင်း​ယာ​ဘိန်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စစ်​အောင်​ပွဲ​သ​တင်း​ကို ကြား​ရ​သော​အ​ခါ သူ​သည်​မိ​မိ​နှင့်​မ​ဟာ မိတ်​မင်း​များ​ဖြစ်​ကြ​သော​မာ​ဒုန်​မင်း ယော​ဗပ်၊ ရှိ​မြုန်​မင်း​နှင့်​အာ​ခ​ရှပ်​မင်း​တို့ ထံ​သို့​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ထို​သ​တင်း​ကို ဟာ​ဇော်​မင်း​ကြီး​ယာ​ဘိန်​သည် ကြား​သော​အ​ခါ၊ မာ​ဒုန်​မင်း​ကြီး​ယော​ဗပ်၊ ရှိ​မြုန်​မင်း​ကြီး၊ အာ​ခ​ရှပ်​မင်း​ကြီး​တို့​ထံ​သို့​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 11:1
19 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့​ကို မိမိ​တို့​ရှုံးနိမ့်​ကြောင်း ဆီးရီးယား​လူမျိုး​တို့​သိ​လျှင် တစ်ဖန်​စုရုံး​ပြန်​၏​။


ရှောလမုန်​မင်းကြီး​၏​သမီး​တော်​တာဖတ်​နှင့်​စုံဖက်​ထား​သူ​ဖြစ်​သည့် ဒေါရ​နယ်​တစ်နယ်လုံး​၏​နယ်စားမင်း ဗင်​အဘိနဒပ်​၊


ဤသို့ ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​၊ သူ​စံမြန်း​ရန်​နန်းတော်​၊ မိလ္လော​၊ ဂျေရုဆလင်​မြို့ရိုး​၊ ဟာဇော်​မြို့​၊ မေဂိဒ္ဒေါ​မြို့​၊ ဂေဇာ​မြို့​တို့​ကို တည်ဆောက်​ရန် အလုပ်ကြမ်းသမား​များ​ကို ခေါ်ယူ​ခဲ့​ရ​၏​။


အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လက်​တော်​ကို​မြှောက်​သော်လည်း သူ​တို့​မ​မြင်​။ ကိုယ်တော်​၏​လူမျိုး​တော်​အတွက် ကိုယ်တော်​စိတ်အားထက်သန်​တော်မူ​သည်​ကို သူ​တို့​တွေ့မြင်​၍ ရှက်ကြောက်​ကြ​ပါစေ​။ ကိုယ်တော်​၏​ရန်သူ​တို့​ကို လောင်ကျွမ်း​မည့်​မီး​သည် သူ​တို့​ကို​လောင်ကျွမ်း​ပါစေ​။


သင်​သည် ရေ​ကို​ဖြတ်ကူး​သောအခါ သင်​နှင့်အတူ​ငါ​ရှိ​မည်​။ မြစ်​ကို​ဖြတ်ကူး​သောအခါ သင့်​ကို ရေလွှမ်း​မည်​မ​ဟုတ်​။ မီး​ထဲ​လျှောက်​သောအခါ သင့်​ကို​မီးလောင်​မည်​မ​ဟုတ်​။ မီးလျှံ​သည် သင့်​ကို ဟပ်​မည်​မ​ဟုတ်​။


ထို့နောက်တွင် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် တပ်စခန်း​ချ​ရာ​ဂိလဂါလ​အရပ်​သို့ ပြန်လာ​ခဲ့​ကြ​လေ​၏​။


ထို့နောက် ယောရှု​သည် ပြန်လာ​၍ ဟာဇော်​မြို့​ကို သိမ်းပိုက်​ပြီး ရှင်ဘုရင်​ကို ဓား​ဖြင့်​သတ်​လေ​၏​။ ဟာဇော်​မြို့​သည် ယခင်က ထို​နိုင်ငံ​အပေါင်း​တို့​၏​အထွတ်​ဖြစ်​၏​။


မာဒုန်​ဘုရင်​တစ်ပါး​၊ ဟာဇော်​ဘုရင်​တစ်ပါး​၊


ရှိမရုန်မေရုန်​ဘုရင်​တစ်ပါး​၊ အာခရှပ်​ဘုရင်​တစ်ပါး​၊


အာဒမာ​မြို့​၊ ရာမ​မြို့​၊ ဟာဇော်​မြို့​၊


ယောရှု​နှင့်​အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် တစ်ဖွဲ့တည်း ပူးပေါင်း​ကြ​လေ​၏​။


ဟာဇော်​ဘုရင်​ယာဘိန်​မင်းကြီး​နှင့် ကေနိ​လူမျိုး ဟေဗာ​၏​မိသားစု​တို့​သင့်မြတ်​ကြ​သောကြောင့် သိသရ​သည် ကေနိ​လူမျိုး ဟေဗာ​၏​မယား ယေလ​၏​တဲ​သို့ ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဟာဇော်​မြို့​၌​စိုးစံ​သော ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​လက်​သို့ ရောင်းလိုက်​လေ​၏​။ ထို​ဘုရင်​၏​စစ်သူကြီး​မှာ ဟာရောရှက်​ဟာဂေါအိမ်​မြို့​၌​နေထိုင်​သော သိသရ​ဖြစ်​၏​။


ရှင်ဘုရင်​တို့​သည်​လာ​၍ စစ်တိုက်​ကြ​၏​။ ခါနာန်​ဘုရင်​တို့​သည် တာနက်​မြို့​၊ မေဂိဒ္ဒေါ​အိုင်​နား​၌ စစ်တိုက်​ကြ​၏​။ တိုက်ခိုက်​လုယူ​သော​ငွေ​ကို မ​ယူသွား​ကြ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ