Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ထို​အ​ခါ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်၊ ဟေ​ဗြုန်​မင်း​ကြီး​ဟော​ဟံ၊ ယာ​မုတ်​မင်း​ကြီး​ပိ​ရံ၊ လာ​ခိ​ရှ​မင်း​ကြီး​ယာ​ဖျာ၊ ဧ​ဂ​လုန်​မင်း​ကြီး​ဒေ​ပိ​ရ​တို့​ထံ​သို့ စေ​လွှတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:3
19 ပူးပေါင်းရင်းမြစ်များ  

စာရာ​သည် ခါနာန်​ပြည်​ရှိ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၌ သေဆုံး​၏​။ အာဗြဟံ​သည် စာရာ​အတွက် ငိုကြွေး​မြည်တမ်း​ရန် လာ​လေ​၏​။


ဖခင်​က​လည်း “​ယခု သွား​၍ သင့်​အစ်ကို​တို့​၏​အခြေအနေ​၊ သိုးဆိတ်​တို့​၏​အခြေအနေ​ကို ကြည့်ရှု​ပြီးလျှင် ငါ့​ကို​ပြန်လာ​ပြောပြ​လော့​”​ဟု ဆို​ပြီးလျှင် သူ့​ကို​ဟေဗြုန်​ချိုင့်ဝှမ်း​မှ​စေလွှတ်​လိုက်​၏​။ ယောသပ်​သည် ရှေခင်​မြို့​သို့​ရောက်​ပြီး


ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​တွင် ယုဒ​အမျိုးအနွယ်​တို့​ကို ခုနစ်​နှစ်​နှင့် ခြောက်​လ​တိုင်အောင် အချိန်ကြာကြာ​အုပ်ချုပ်​ခဲ့​၏​။


ထို့ကြောင့် ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​က လာခိရှ​မြို့​ရှိ အဆီးရီးယား​ဘုရင်​ထံသို့ လူ​လွှတ်​၍ “​အကျွန်ုပ် အမှားပြု​မိ​ပါ​ပြီ​။ အရှင်မင်းကြီး တပ်​ပြန်ဆုတ်​ပေး​ပါ​။ တောင်း​သမျှ​ကို ပေး​ပါ​မည်​”​ဟု​မှာလိုက်​လျှင် အဆီးရီးယား​ဘုရင်​က ယုဒ​ဘုရင်​ဟေဇကိ​မင်းကြီး​ထံမှ ငွေ​တာလန်​သုံး​ရာ​၊ ရွှေ​တာလန်​သုံးဆယ်​ကို တောင်း​၏​။


အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး


အဒေါရိမ်​မြို့​၊ လာခိရှ​မြို့​၊ အဇေကာ​မြို့​၊


ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။


အို လာခိရှ​မြို့သူ​၊ မြင်း​ကို စစ်ရထား​၌ က​လော့​။ သင်​သည် ဇိအုန်​သမီးပျို အပြစ်​ပြု​ရာ​အရင်းအမြစ်​ဖြစ်​၏​။ အကြောင်းမူကား အစ္စရေး​လူမျိုး ကျူးလွန်​သော​အပြစ်​များ​ကို သင်​၌​တွေ့​ရ​၏​။


သူ​တို့​သည် နေဂေ့​အရပ်​သို့​တက်သွား​၍ ဟေဗြုန်​မြို့​သို့​ရောက်​ကြ​၏​။ ထို​မြို့​၌ အာနက​အနွယ်ဝင် အဟိမန်​၊ ရှေရှဲ​နှင့် တာလမဲ​တို့​နေထိုင်​ကြ​၏​။ (​ဟေဗြုန်​မြို့​သည် အီဂျစ်​ပြည်​ရှိ​ဇောန​မြို့ မ​တည်​မီ ခုနစ်​နှစ်​က တည်​သော​မြို့​ဖြစ်​၏​။)


ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ


ရှင်ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​ကို လိုဏ်ဂူ​ထဲမှ ခေါ်ထုတ်​လာ​ကြ​၏​။


ထို့နောက် ယောရှု​နှင့်​အစ္စရေး​စစ်သည်​အပေါင်း​တို့​သည် လာခိရှ​မြို့​မှ ဧဂလုန်​မြို့​သို့ ချီတက်​၍ ထို​မြို့​အနီး​၌​စခန်းချ​ကာ ထို​မြို့​ကို တိုက်ခိုက်​လေ​၏​။


ထို့ကြောင့် အာမောရိ​ဘုရင်​ငါး​ပါး​ဖြစ်​သော ဂျေရုဆလင်​ဘုရင်​၊ ဟေဗြုန်​ဘုရင်​၊ ယာမုတ်​ဘုရင်​၊ လာခိရှ​ဘုရင်​၊ ဧဂလုန်​ဘုရင်​တို့​သည် သူ​တို့​၏​စစ်သည်​အပေါင်း​တို့​နှင့်တကွ ပူးပေါင်း​စစ်ချီ​ကြ​၏​။ ဂိဗောင်​မြို့​အနီး​၌ စခန်းချ​၍ ဂိဗောင်​မြို့​ကို တိုက်ခိုက်​ကြ​၏​။


ယခု ဟေဗြုန် ဟု​ခေါ်​သော​မြို့​သည် ယခင်က ကိရယအာဘ​မြို့​ဟု​ခေါ်​၏​။ အာဘ​သည် အာနက​လူမျိုး​တို့​တွင် အကြီးအကဲ​ဖြစ်​၏​။ ထို့နောက်တွင် တစ်ပြည်လုံး စစ်​ငြိမ်း​လေ​၏​။


ဟုန္တ​မြို့​၊ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၊ ဇိအောရ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။


ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။


ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ