Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:1
10 ပူးပေါင်းရင်းမြစ်များ  

ဆလင်​ဘုရင်​မေလခိဇေဒက်​မင်းကြီး​သည်​လည်း မုန့်​နှင့်​စပျစ်ဝိုင်​ကို​ယူဆောင်​ခဲ့​၏​။ သူ​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏​။


ဤ​မေလခိဇေဒက်​ကား ဆလင်​ဘုရင်​ဖြစ်​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏။ သူ​သည် ဘုရင်​များ​ကို​ချေမှုန်း​ရာ​မှ​ပြန်လာ​သော အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီး​ပေး​လေ​၏။


ထို့ကြောင့် ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး​သည် ဟေဗြုန်​ဘုရင်​ဟောဟံ​မင်းကြီး​၊ ယာမုတ်​ဘုရင်​ပိရံ​မင်းကြီး​၊ လာခိရှ​ဘုရင်​ယာဖျာ​မင်းကြီး​၊ ဧဂလုန်​ဘုရင်​ဒေဗိရ​မင်းကြီး တို့​ထံသို့ လူ​လွှတ်​ကာ


သူ​တို့​သည် မြို့​ထဲ​ရှိ ယောက်ျား​မိန်းမ​ကြီးကြီး​ငယ်ငယ်​တို့​နှင့် သိုး​နွား​မြည်း​အားလုံး​တို့​ကို ဓား​ဖြင့် သတ်ဖြတ်​လေ​၏​။


သင်​သည် ဂျေရိခေါ​မြို့​နှင့် ဂျေရိခေါ​ဘုရင်​ကို​ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​အာဣ​ဘုရင်​ကို​ပြု​ရ​မည်​။ ထို​မြို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့်​တိရစ္ဆာန်​တို့​ကို​ကား သင်​တို့​အဖို့ သိမ်းယူ​ခွင့်​ရှိ​၏​။ မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​လော့​”​ဟု မိန့်​တော်မူ​၏​။


ကင်းပုန်းတပ်​က မြို့​ကို​သိမ်း​ပြီး မြို့​ထဲမှ​မီးခိုး​ထွက်လာ​သည်​ကို ယောရှု​နှင့်​အစ္စရေး​တပ်သား​အပေါင်း​တို့ မြင်​သောအခါ ပြန်လှည့်​လာ​၍ အာဣ​မြို့သား​တို့​ကို တိုက်ခိုက်သတ်ဖြတ်​လေ​၏​။


ဂိဗောင်​မြို့သား​တို့​မူကား ဂျေရိခေါ​မြို့​နှင့်​အာဣ​မြို့​တို့​ကို ယောရှု​မည်သို့​တိုက်ခိုက်​ခဲ့​သည်​ကို ကြား​သောအခါ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ