Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 1:16 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထိုအခါ သူ​တို့​က ယောရှု​အား “​အကျွန်ုပ်​တို့​အား မိန့်မှာ​သမျှ​အတိုင်း ပြု​ပါ​မည်​။ စေလွှတ်​လေရာရာ​သို့ သွား​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ထို​သူ​တို့​က​လည်း၊ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​ကို ကျွန်​တော်​တို့​ပြု​ပါ​မည်။ စေ​လွှတ်​တော်​မူ​သ​မျှ​သော အ​ရပ်​သို့ သွား​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 1:16
10 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ထ​ပါ​။ ဤ​အမှု​ကို ဦးဆောင်​ပါ​။ အကျွန်ုပ်​တို့​သည် သင်​နှင့်အတူ ပါရှိ​မည်​ဖြစ်​၍ ရဲရင့်​စွာ​လုပ်ဆောင်​ပါ​”​ဟု ဆို​ကြ​သဖြင့်


ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က​လည်း မောရှေ​အား “​သခင်​၏​အစေအပါး​တို့​သည် သခင်​မိန့်မှာ​သည့်​အတိုင်း​ပြု​ပါ​မည်​။


ဂဒ်​သားမြေး​၊ ရုဗင်​သားမြေး​တို့​က “​ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း သခင်​၏​အစေအပါး​တို့ ပြု​ပါ​မည်​။


မောရှေ​သည် နုန်​၏​သား ယောရှု​အပေါ် လက်တင်​ခဲ့​သောကြောင့် ယောရှု​သည် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် သူ​၏​စကား​ကို​နားထောင်​၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း​ပြု​ကြ​၏​။


သင်​သာ ချဉ်းကပ်​၍ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​သော​အရာ​ရှိသမျှ​တို့​ကို နားထောင်​၍ သင့်​အား အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား မိန့်ဆို​သော​အရာ​ရှိသမျှ​တို့​ကို အကျွန်ုပ်​တို့​အား ဆင့်ဆို​ပါ​။ အကျွန်ုပ်​တို့​သည် နားထောင်​၍ လိုက်နာ​ပါ​မည်​’​ဟု ဆို​ကြ​၏​။


အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊


ထာဝရဘုရား​သည် သင်​တို့​ကဲ့သို့ သင်​တို့​၏​အမျိုးသားချင်း​တို့​ကို အေးအေးချမ်းချမ်း​နေထိုင်​ရ​သော​အခွင့်​ပေး​သည်​အထိ​၊ သူ​တို့​အား ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို အပိုင်ရ​သည်​အထိ သူ​တို့​ကို ကူညီ​ရ​မည်​။ ပြီးမှ သင်​တို့​ပြန်လာ​၍ သင်​တို့​အား​ထာဝရဘုရား​၏​အစေအပါး​မောရှေ ပေး​ခဲ့​သော ဂျော်ဒန်​မြစ်​တစ်ဖက်​၊ နေထွက်​ရာ​အရပ်​ကို သင်​တို့​ပိုင်ဆိုင်​ရ​မည်​”​ဟု ဆို​လေ​၏​။


မောရှေ​၏​စကား​ကို အရာရာ​၌​နားထောင်​သကဲ့သို့ သင်​၏​စကား​ကို အကျွန်ုပ်​တို့ နားထောင်​ပါ​မည်​။ ဘုရားသခင်​ထာဝရဘုရား​သည် မောရှေ​နှင့်အတူ ရှိ​သကဲ့သို့ သင်​နှင့်အတူ ရှိ​ပါစေ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ