Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​န​ 4:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထိုအခါ ဘုရားသခင်​က ယောန​အား “​ကြက်ဆူပင်​ကြောင့် သင်​အမျက်ထွက်​သင့်​သလော​”​ဟု မေး​တော်မူ​လျှင် ယောန​က “​သေလုမတတ် အမျက်ထွက်​သင့်​ပါ​၏​”​ဟု လျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က​ယော​န​အား``ကြက် ဆူ​ပင်​တစ်​ပင်​အ​တွက်​သင်​အ​မျက်​ထွက်​သင့် သ​လော'' ဟု​မေး​တော်​မူ​၏။ ယော​န​က``သေ​ချင်​အောင်​အ​မျက်​ထွက် ပါ​၏'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ကြက်​ဆူ​ပင်​အ​တွက် အ​မျက်​ထွက်​ကောင်း​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ယော​န​က၊ အ​ကျွန်ုပ်​သည် အ​သက်​သေ​သည်​တိုင်​အောင် အ​မျက်​ထွက်​ကောင်း​ပါ​သည်​ဟု လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န​ 4:9
13 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ “​ဘိုးဘေး​တို့​၏​အမွေမြေ​ကို အရှင်မင်းကြီး​အား မ​ပေး​နိုင်​ပါ​”​ဟု ယေဇရေလ​မြို့သား​နာဗုတ်​ဆို​သော​စကား​ကြောင့် အာဟပ်​မင်းကြီး​သည် စိတ်မကျေမနပ်​ဖြစ်​၍ မျက်နှာသုန်မှုန်​လျက် နန်းတော်​သို့​ပြန်သွား​ကာ အစာ​လည်း​မ​စား သလွန်တော်​ပေါ်တွင် တစ်ဖက်​သို့​လှည့်​၍ လှဲ​နေ​လေ​၏​။


သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။


အမျက်​တော်​ကြောင့် သင်​သည် အပြစ်ဒဏ်​မ​ခံရ​စေရန် သတိပြု​လော့​။ များစွာ​သော​တံစိုးလက်ဆောင်​ကြောင့် သင်​လမ်း​မ​လွဲ​နှင့်​။


အကယ်စင်စစ် ဒေါသ​သည် ဆိုးမိုက်​သော​သူ​ကို သတ်​တတ်​၏​။ မနာလိုစိတ်​သည်​လည်း ဉာဏ်နုံ့​သော​သူ​ကို သေ​စေ​တတ်​၏​။


ယောန​သည် ထို​အမှုအရာ​ကို အလွန်ပင်​ဘဝင်မကျ​နိုင်​အောင်​ဖြစ်​လျက် အမျက်ထွက်​ပြီး


ထာဝရဘုရား​က​လည်း “​သင် မ​စိုက်ပျိုး​၊ မ​ပြုစု​ရ​ဘဲ ညတွင်းချင်း​ပေါက်​၍ ညတွင်းချင်း​သေသွား​သော ကြက်ဆူပင်​ကို သင်​နှမြော​လျှင်


နေ​ထွက်လာ​သောအခါ ဘုရားသခင်​သည် အလွန်​ပူပြင်း​သော​အရှေ့​လေ​ကို တိုက်ခတ်​စေ​၍ ယောန​ခေါင်း​ပေါ်သို့ နေပူရှိန်​ကျ​သဖြင့် သူ​သည် မောပန်း​ပြီး သေချင်စိတ်ပေါက်​လေ​၏​။ ထို့ကြောင့် သူ​က “အကျွန်ုပ်​အသက်ရှင်​သည်​ထက် သေ​သည်​က သာ၍​ကောင်း​ပါ​၏”​ဟု ဆို​လေ​၏​။


“ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


အကြောင်းမူကား ဘုရားသခင်​၏​အလို​တော်​နှင့်​ညီ​သော ဝမ်းနည်း​ခြင်း​သည် ယူကျုံးမရ​မ​ဖြစ်​ရ​လေ​အောင် ကယ်တင်​ခြင်း​ရရှိ​စေ​သည့် နောင်တ​စိတ်​ကို​ဖြစ်ပေါ်​စေ​၏။ လောကီ​ဝမ်းနည်း​ခြင်း​မူကား သေ​ခြင်း​ကို​ဖြစ်ပေါ်​စေ​၏။


ထို​နေ့ရက်​များ​၌ လူ​တို့​သည် သေ​ခြင်း​ကို​ရှာ​ကြ​လိမ့်မည်။ သို့သော် တွေ့​ကြ​မည်​မ​ဟုတ်။ အလွန်​သေ​ချင်​သော်လည်း သေ​ခြင်း​သည် သူ​တို့​ထံမှ ထွက်ပြေး​လိမ့်မည်။


ဒေလိလ​သည် ရှံဆုန်​အား စကားလုံး​များ​ဖြင့် နေ့​ရှိ​သရွေ့​ပူဆာ​ဖိအား​ပေး​လွန်း​သဖြင့် ရှံဆုန်​လည်း သေချင်လောက်အောင်​စိတ်ပျက်​လာ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ