Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​န​ 2:3 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ကိုယ်တော်​သည် ပင်လယ်​ရေနက်​ထဲသို့ အကျွန်ုပ်​ကို​ပစ်ချ​လိုက်​သောအခါ ရေ​သည် အကျွန်ုပ်​ကို ဝိုင်းရံ​လျက်​ရှိ​ပါ​၏​။ လှိုင်းလုံးကြီး​လှိုင်းလုံးငယ်​တို့​သည်​လည်း အကျွန်ုပ်​ကို လွှမ်းမိုး​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နက်​ရှိုင်း​သော ပင်​လယ်​ထဲ​သို့​လည်း​ကောင်း၊ ပင်​လယ်​အောက်​ဆုံး​ပိုင်း​တိုင်​အောင်​လည်း​ကောင်း ပစ်​ချ​လိုက်​သ​ဖြင့်၊ အ​ကျွန်ုပ်​မှာ​ပင်​လယ်​ရေ​ပတ်​လည် ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက် ကိုယ်​တော်​၏​လှိုင်း​လုံး​ကြီး​များ​သည် အ​ကျွန်ုပ်​ကို​လွှမ်း​မိုး​သွား​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို နက်​နဲ​သော​အ​ရပ်၊ သ​မု​ဒ္ဒ​ရာ​အ​လယ်​ချက်​ထဲ​သို့ ချ​ပစ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် ဝိုင်း၍ လှိုင်း​တံ​ပိုး​တော်​ရှိ​သ​မျှ​တို့​သည် လွှမ်း​မွန်း​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န​ 2:3
11 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် သေ​ခြင်း​လှိုင်းလုံး​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ပြီး ဖျက်ဆီး​ခြင်း​ရေအဟုန်​တို့​သည် ငါ့​ကို​ခြောက်လှန့်​နေ​ပါ​၏​။


ထာဝရဘုရား​သည် ငါ​၏​အသံ​၊ ငါ​၏​အသနားခံ​ခြင်း​ကို နားညောင်း​တော်မူ​သောကြောင့် ငါ​သည် ကိုယ်တော်​ကို ချစ်​၏​။


ကိုယ်တော်​သည် ငါ့​ကို ဂရုစိုက်​နားထောင်​တော်မူ​သောကြောင့် ငါ​သည် အသက်ရှင်​နေသရွေ့ ကိုယ်တော်​ကို​ခေါ်​မည်​။


ငါ​သည် ဆင်းရဲဒုက္ခ​ရောက်​သောအခါ ထာဝရဘုရား​ကို​ခေါ်​၍ ကိုယ်တော်​သည် ငါ့​ကို​ထူး​တော်မူ​၏​။


ကိုယ်တော်​၏​ရေတံခွန်​တို့​မြည်ဟည်းသံ​ဖြင့် နက်ရှိုင်း​ရာ​အရပ်​သည် နက်ရှိုင်း​ရာ​အရပ်​ကို​ဟစ်ခေါ်​ပါ​၏​။ ကိုယ်တော်​၏​လှိုင်းလုံး​များ​နှင့် လှိုင်းတံပိုး​အပေါင်း​တို့​သည် အကျွန်ုပ်​အပေါ်​လွှမ်းမိုး​သွား​ကြ​ပါ​၏​။


ရေ​သည် ငါ့​ဦးခေါင်း​အထိ လွှမ်းမိုး​လာ​သဖြင့် “​ငါ​သေ​ရ​တော့​မည်​”​ဟု ငါ​ဆို​မိ​ပြီ​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် တွင်း​နက်​ထဲမှ​နေ​၍ ကိုယ်တော်​၏​နာမ​တော်​ကို ဟစ်ခေါ်​ပါ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ