Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​န​ 1:10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထို့ပြင် သူ​သည် ထာဝရဘုရား​ထံ​တော်​မှ ထွက်ပြေး​ခဲ့​ကြောင်း​ကို လူ​တို့​အား ပြောပြ​သဖြင့် သူ​တို့​သိသွား​ကြ​သောအခါ အလွန်​ကြောက်ရွံ့​ထိတ်လန့်​၍ သူ့​အား “​အဘယ်ကြောင့် ဤသို့​ပြု​သနည်း​”​ဟု ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ် ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။ သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

10 ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​န​ 1:10
8 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​က​လည်း မိန်းမ​အား “​သင်​ပြု​သော​ဤ​အမှု​ကား မည်သို့​နည်း​”​ဟု မိန့်​တော်မူ​လျှင် မိန်းမ​က “​မြွေ​သည် အကျွန်ုပ်​ကို​လှည့်စား​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု လျှောက်​လေ​၏​။


ယွာဘ​က​လည်း ရှင်ဘုရင်​အား “​အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​သည် လူ​တို့​ကို သူ​တို့​ရှိ​သည်​ထက် အဆ​တစ်ရာ တိုးပွား​စေ​သည်​ကို အရှင်​မင်းကြီး ကိုယ်တိုင်​မြင်တွေ့​ရ​ပါစေသော​။ အဘယ်ကြောင့် အရှင်​မင်းကြီး ဤ​အမှု​ကို ပြု​လို​ပါ​သနည်း​”​ဟု လျှောက်တင်​၏​။


လေအရှိန်​မှ​လွတ်​အောင် အသည်းအသန်​ထွက်ပြေး​သော်လည်း လေ​သည် သူ့​ကို မ​ညှာ​မ​တာ​တိုက်သွား​လိမ့်မည်​။


ထိုစဉ် ပင်လယ်ပြင်​တွင် လေမုန်တိုင်း​ပိုမို​ပြင်းထန်​လာ​သဖြင့် သူ​တို့​က “​ပင်လယ်​ငြိမ်သက်​သွား​အောင် သင့်​ကို ငါ​တို့ မည်သို့​ပြု​ရ​မည်နည်း​”​ဟု သူ့​အား​မေး​လျှင်


သို့သော် ယောန​သည် ထ​၍ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ ထွက်ပြေး​လေ​၏​။ သူ​သည် ယုပ္ပေ​မြို့​သို့​ဆင်းသွား​ပြီး တာရှု​ပြည်​သို့​သွား​မည့်​သင်္ဘော​ကို တွေ့​သဖြင့် သင်္ဘောခ​ပေး​ပြီး အထဲ​သို့​ဝင်​ကာ ထာဝရဘုရား​ထံ​တော်​မှ တာရှု​ပြည်​သို့ သင်္ဘောသား​တို့​နှင့်အတူ လိုက်သွား​လေ​၏​။


ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​ရ​သောအခါ ပို၍​ကြောက်​လာ​သဖြင့်


ယောရှု​က “​သင်​သည် ငါ​တို့​ကို အဘယ်ကြောင့်​ဒုက္ခပေး​သနည်း​။ ယခု ထာဝရဘုရား​သည် သင့်​ကို​ပြန်​၍​ဒုက္ခပေး​တော်မူ​မည်​”​ဟု ဆို​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​က​လည်း သူ့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ကြ​လေ​၏​။ ဤသို့ဖြင့် သူ​တို့​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်​ပြီးနောက် မီးရှို့​ပစ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ