Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 9:19 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 “ဤ​သူ​သည် မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ဟု သင်​တို့​ဆို​သော သင်​တို့​၏​သား​မှန်​သလော။ မှန်​သည်​ဆိုလျှင် သူ​သည် ယခု မည်သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 သူ​တို့​က ``ဤ​သူ​သည်​သင်​တို့​၏​သား​လော။ သင် တို့​ပြော​သည်​အ​တိုင်း​ဝမ်း​တွင်း​ပါ​မျက်​မ​မြင် လော။ သို့​မှန်​လျှင်​သူ​သည်​အ​ဘယ်​သို့​ယ​ခု မျက်​စိ​မြင်​သ​နည်း'' ဟု​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ဤ​သူ​သည် သင်​တို့​ဆို​သည်​အ​တိုင်း အ​မိ​ဝမ်း​တွင်း​က​ပင် မျက်​စိ​ကန်း​သော သင်​တို့၏​သား​မှန်​သ​လော။ သို့​မှန်​လျှင် အ​ဘယ်​သို့ ယ​ခု​မျက်​စိ​မြင်​သ​နည်း​ဟု မေး​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 9:19
5 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်လင့်ကစား ယခင်​က မျက်မမြင်​ဖြစ်​ခဲ့​သော်လည်း ယခု​မြင်​လာ​ပြီ​ဟူသော ထို​သူ​၏​အကြောင်း​ကို ဂျူး​လူမျိုး​တို့​သည် မ​ယုံ​ကြ​သဖြင့် နောက်ဆုံး​တွင် မျက်စိ​မြင်​လာ​သော ထို​သူ​၏​မိဘ​တို့​ကို​ခေါ်​၍


မိဘ​တို့​က​လည်း “ဤ​သူ​သည် အကျွန်ုပ်​တို့​၏​သား​မှန်​သည်​ကို​လည်းကောင်း၊ မွေးရာပါ​မျက်မမြင်​ဖြစ်​သည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​သိ​ကြ​ပါ​၏။


သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။


ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ