Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 9:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထို​သူ​က “ယေရှု​ဟု​ခေါ်​သော​သူ​တစ်​ဦး​သည် ရွှံ့​လုပ်​၍ အကျွန်ုပ်​၏​မျက်စိ​ကို​လူး​လျက်‘ရှိလောင်​ရေကန်​သို့​သွား​၍ ဆေး​လော့’​ဟု ဆို​သည့်​အတိုင်း အကျွန်ုပ်​သွား​၍​ဆေး​လိုက်​ရာ မျက်စိ​မြင်​လာ​ပါ​သည်”​ဟု ဖြေကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို​သူ​က ``ယေ​ရှု​ဆို​သူ​သည်​ရွှံ့​အ​နည်း​ငယ်​လုပ် ၍​အ​ကျွန်ုပ်​၏​မျက်​စိ​ကို​လူး​ပြီး​လျှင် အ​ကျွန်ုပ် အား​ရှိ​လောင်​ရေ​ကန်​သို့​သွား​၍​မျက်​စိ​ကို​ဆေး ခိုင်း​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​သွား​၍​ဆေး လိုက်​ရာ မျက်​စိ​မြင်​လာ​ပါ​သည်'' ဟု​ပြန်​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ထို​သူ​က၊ ယေ​ရှု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ရွှံ့​လုပ်၍ ကျွန်ုပ်​မျက်​စိ​ကို​လူး​ပြီး​မှ၊ ရှိ​လောင်​ရေ​ကန်​သို့​သွား၍ မျက်​စိ​ကို​ဆေး​လော့​ဟု ဆို​သည်​အ​တိုင်း အ​ကျွန်ုပ်​သွား၍​ဆေး​လျှင် မျက်​စိ​မြင်​သည်​ဟု​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 9:11
6 ပူးပေါင်းရင်းမြစ်များ  

ဗာရုတ်​အား “​ငါ​တို့​ကို ပြောပြ​လော့​။ ယေရမိ​နှုတ်​မှ​ပြော​သော ဤ​စကား​အလုံးစုံ​တို့​ကို သင်​မည်ကဲ့သို့ ရေးမှတ်​ခဲ့​သနည်း​”​ဟု ပြောဆို​မေးမြန်း​ကြ​၏​။


ထို့ပြင် ရှိလောင်​မျှော်စင်​ပြိုကျ​သဖြင့် ပိ​မိ​၍​သေဆုံး​သော​သူ​တစ်ဆယ့်ရှစ်​ယောက်​တို့​သည် ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​သော​အခြား​သူ​အားလုံး​တို့​ထက် အပြစ်​များ​သည်​ဟု သင်​တို့​ထင်​ကြ​သလော။


လူ​တို့​က​လည်း “သို့ဖြစ်လျှင် သင်​သည် မည်ကဲ့သို့​မျက်စိ​မြင်​လာ​သနည်း”​ဟု မေးမြန်း​ကြ​၏။


သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။


သူ​က “သင်​တို့​ကို​အကျွန်ုပ်​ပြော​ပြီး​ပြီ။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ။ အဘယ်ကြောင့် ထပ်၍​ကြား​လို​ကြ​သနည်း။ သင်​တို့​သည်​လည်း ထို​သူ​၏​တပည့်​ဖြစ်​လို​ကြ​သလော”​ဟု ပြန်​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ