Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 7:48 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

48 အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

48 ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

48 မင်း​များ၊ ဖာ​ရိ​ရှဲ​များ​တို့​တွင် သူ့​ကို​ယုံ​ကြည်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 7:48
12 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။


ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ အုပ်ချုပ်သူ​များ​နှင့် လူ​များ​ကို စုဝေး​စေ​၍


မည်သို့ပင်ဖြစ်စေ အကြီးအကဲ​တို့​တွင်​လည်း ကိုယ်တော်​ကို​ယုံကြည်​သော​သူ​များစွာ​ရှိ​ကြ​၏။ သို့သော် သူ​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ခြင်း​ခံရ​မည်​ကို စိုးရိမ်​သဖြင့် ဖာရိရှဲ​တို့​ကြောင့် ဖွင့်​မ​ပြော​ဘဲ​နေ​ကြ​၏။


ဖာရိရှဲ​တို့​ထဲတွင် နိကောဒင်​အမည်​ရှိ​သော ဂျူး​လူမျိုး​တို့​၏​အကြီးအကဲ​တစ်​ဦး​ရှိ​၏။


ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။


သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။


ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က


ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။


ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။


ဤ​လောက​ကို​အုပ်ချုပ်​သူ​များ​တွင် မည်သူ​က​မျှ ထို​ဉာဏ်ပညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူကား ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော​သခင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ