Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 7:14 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 ပွဲတော်​ကာလ ထက်ဝက်​မျှ​လွန်​သောအခါ ယေရှု​သည် ဗိမာန်​တော်​သို့​တက်​သွား​၍ သွန်သင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

14 ပွဲ​တော်​ကျင်း​ပ​ရက်​ထက်​ဝက်​မျှ​လွန်​သော အ​ခါ သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့​ကြွ ၍​ဟော​ပြော​သွန်​သင်​လျက်​နေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 ထို​ပွဲ​ကို ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ဗိ​မာန်​တော်​သို့​တက်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 7:14
16 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​၏​စေတမန်​ကို ငါ​စေလွှတ်​မည်​။ သူ​သည် ငါ​သွား​ရ​မည့်​လမ်း​ကို ကြိုတင်​ပြင်ဆင်​လိမ့်မည်​။ သင်​တို့​ရှာဖွေ​သော​အရှင်သခင်​သည် ဗိမာန်တော်​သို့ ချက်ချင်း​ကြွလာ​လိမ့်မည်​။ ကြည့်ရှု​လော့​။ သင်​တို့​အလိုရှိ​သော​ပဋိညာဉ်​တမန်​သည်​လည်း ကြွလာ​နေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ဒုတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​တစ်ဆယ့်နှစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။


တတိယ​နေ့​၌ အပြစ်အနာအဆာကင်း​သော နွားထီး​တစ်ဆယ့်တစ်​ကောင်​၊ သိုးထီး​နှစ်​ကောင်​၊ တစ်နှစ်သားအရွယ်​သိုးသငယ်​တစ်ဆယ့်လေး​ကောင်​ကို ပူဇော်​ရ​မည်​။


ယေရှု​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ


ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။


ကိုယ်တော်​သည် ဗိမာန်​တော်​၌ နေ့စဉ်​နေ့တိုင်း သွန်သင်​လျက်​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​ခေါင်းဆောင်​များ​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သော်လည်း


ယေရှု​က​လည်း“ငါ​သည် လောက​၌ ထင်ရှား​စွာ​ဟောပြော​ခဲ့​၏။ ဂျူး​လူမျိုး​အပေါင်း​တို့​စုဝေး​ရာ ဝတ်ပြု​စည်းဝေး​ကျောင်းနှင့် ဗိမာန်​တော်​၌ အစဉ်အမြဲ​သွန်သင်​ခဲ့​၏။ မည်သည့်​အရာ​ကို​မျှ လျှို့ဝှက်​စွာ​မ​ဟောပြော​ခဲ့​ပေ။


ထို့နောက် ယေရှု​သည် ထို​သူ​ကို ဗိမာန်​တော်​၌​တွေ့​၍“ကြည့်​လော့။ သင်​သည် အကောင်း​ပကတိ​ဖြစ်​လေ​ပြီ။ နောက်တစ်ဖန်​အပြစ်​မ​ပြု​နှင့်။ သို့မဟုတ်​လျှင် ပို၍​ဆိုးရွား​သော​အရာ​သည် သင့်​အပေါ် သက်ရောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော်​နီးကပ်​လာ​သောအခါ


ထို့ကြောင့် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“သင်​တို့​သည် ငါ့​ကို​သိ​၍ ငါ​အဘယ်က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့ရာတွင် ငါ​သည် ကိုယ့်​ဆန္ဒ​အလျောက်​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​သည် ဖြောင့်မှန်​သော​အရှင်​ဖြစ်​တော်မူ​၏။ သင်​တို့​သည် ထို​အရှင်​ကို​မ​သိ​ကြ။


ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။


အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​ရာ လူ​အပေါင်း​တို့​သည် အထံ​တော်​သို့​ရောက်လာ​ကြ​သဖြင့် ကိုယ်တော်​သည် ထိုင်​၍​သူ​တို့​အား သွန်သင်​တော်မူ​၏။


ကိုယ်တော်​သည် ဗိမာန်​တော်​၌​သွန်သင်​တော်မူ​စဉ် ဤ​စကား​တို့​ကို အလှူခံ​သေတ္တာ​အနီး​တွင် မိန့်​တော်မူ​၏။ သို့ရာတွင် ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ