Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 5:32 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 ငါ့​အကြောင်း​ကို​သက်သေခံ​သည့် အခြား​သော​အရှင်​တစ်​ပါး​ရှိ​၏။ ထို​အရှင်​ပေး​သည့် ငါ​နှင့်​ပတ်သက်​သော​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို ငါ​သိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 သို့​ရာ​တွင်​ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ တစ်​ပါး​ရှိ​၏။ သူ​၏​သက်​သေ​ခံ​ချက်​သည်​မှန် ကန်​ကြောင်း​ကို​ငါ​သိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

32 ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 5:32
11 ပူးပေါင်းရင်းမြစ်များ  

ထိုသို့ ပေတရု​လျှောက်ထား​စဉ် တောက်ပ​သော​မိုးတိမ်​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ မိုးတိမ်​ထဲမှ​အသံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏။ သူ့​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။


ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။


သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့သော​အဆင်း​သဏ္ဌာန်​ဖြင့် ကိုယ်တော်​အပေါ်သို့ ဆင်းသက်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “သင်​သည် ငါ​၏​ချစ်​သား​ပေတည်း။ သင့်​ကို ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။


ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း


ခမည်းတော်​၏​အမိန့်​တော်​သည် ထာဝရ​အသက်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။ ထို့ကြောင့် ငါ​ဟောပြော​သော​အရာ​တို့​ကို ခမည်းတော်​က ငါ့​အား​မိန့်​တော်မူ​သည့်​အတိုင်း ငါ​ဟောပြော​၏”​ဟု ကြွေးကြော်​တော်မူ​၏။


ထိုသို့ဆိုသော် လူ​၏​သက်သေခံ​ချက်​ကို ငါ​ခံယူ​သည်​မ​ဟုတ်။ သို့ရာတွင် သင်​တို့​ကယ်တင်​ခြင်း​ခံရ​ရန် ဤ​အရာ​များ​ကို ငါ​ပြော​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ