Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 5:11 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထို​သူ​က​လည်း “အကျွန်ုပ်​ကို​အကောင်း​ပကတိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ထို​သူ​က ``အ​ကျွန်ုပ်​အား​ကျန်း​မာ​စေ​သူ​က `သင့်​အိပ်​ရာ​ကို​ယူ​၍​လှမ်း​သွား​လော့' ဟု​စေ ခိုင်း​ပါ​၏'' ဟု​ပြန်​၍​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 သူ​က​လည်း၊ အ​ကျွန်ုပ်​ကို ကျန်း​မာ​စေ​သော​သူ​က၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဆို​သည်​ဟု ပြန်​ပြော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 5:11
5 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ ဂျူး​လူမျိုး​တို့​က “ယနေ့​သည် ဥပုသ်နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်ရာ​ကို​ဆောင်ယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ”​ဟု ရောဂါ​ပျောက်ကင်း​သော​ထို​သူ​အား ပြောဆို​ကြ​၏။


ဂျူး​လူမျိုး​တို့​က​လည်း “‘အိပ်ရာ​ကို​ဆောင်ယူ​၍ လမ်းလျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်သူ​နည်း”​ဟု မေးမြန်း​ကြ​၏။


သူ​တို့​က​လည်း “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​သော် သူ​က “အကျွန်ုပ်​မ​သိ​ပါ”​ဟု ဆို​၏။


ထိုအခါ ဖာရိရှဲ​အချို့​တို့​က “ဤ​သူ​သည် ဥပုသ်နေ့​ကို​မ​စောင့်ထိန်း​သောကြောင့် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်”​ဟု ဆို​ကြ​၏။ သို့သော် အချို့​တို့​က “အပြစ်သား​ဖြစ်​သော​သူ​တစ်​ဦး​သည် ဤသို့​သော​နိမိတ်​လက္ခဏာ​များ​ကို မည်သို့​ပြု​နိုင်​မည်နည်း”​ဟု ဆို​ကြ​သဖြင့် သူ​တို့​ထဲတွင်​ကွဲပြား​ခြင်း​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ