Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 4:29 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 “ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ကျွန်မ​အား​ထုတ်ဖော်​ပြောဆို​သော​သူ​ကို လာ​ကြည့်​ကြ​ပါ။ သူ​သည် ခရစ်တော်​ဖြစ်​လေ​မည်​လော”​ဟု လူ​တို့​အား​ဆို​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

29 အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 4:29
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ လူထု​ပရိသတ်​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​၍ “ဤ​သူ​သည် ဒါဝိဒ်​၏​သား​တော်​ဖြစ်​လေ​မည်​လော”​ဟု ပြောဆို​ကြ​၏။


ထို​အမျိုးသမီး​က​လည်း “ခရစ်တော်​ဟု​ခေါ်ဝေါ်​သော မေရှိယ​ကြွလာ​တော်မူ​မည်​ကို ကျွန်မ​သိ​ပါ​၏။ ထို​အရှင်​ကြွလာ​တော်မူ​သောအခါ ကျွန်မ​တို့​အား အလုံးစုံ​တို့​ကို​ဖော်ပြ​တော်မူ​လိမ့်မည်”​ဟု လျှောက်​လျှင်


ထို​အမျိုးသမီး​သည်​လည်း မိမိ​၏​ရေအိုး​ကို​ထားခဲ့​၍ မြို့​ထဲသို့​သွား​ပြီးလျှင်


လူ​တို့​သည် မြို့​ထဲမှ​ထွက်​၍ ကိုယ်တော်​ထံသို့​လာ​ကြ​၏။


“ကျွန်မ​ပြု​ခဲ့​သမျှ​သော​အရာ​တို့​ကို ထို​သူ​ထုတ်ဖော်​ပြောဆို​ခဲ့​သည်”​ဟု သက်သေခံ​သော​ရှမာရိ​အမျိုးသမီး​၏​စကား​ကြောင့် ထို​မြို့​မှ​ရှမာရိ​နယ်သား​များစွာ​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။


ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။


သို့ရာတွင် လူထု​ပရိသတ်​ထဲမှ​အများစု​သည် ကိုယ်တော်​ကို​ယုံကြည်​လျက် “ခရစ်တော်​ကြွလာ​သောအခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို၍​များ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ရှမွေလ​က​လည်း ရှောလု​အား “​စိတ်အာရုံရသူ​မှာ ငါ​ပင်​ဖြစ်​၏​။ အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​သို့ ငါ့​ရှေ့​မှ​တက်သွား​လော့​။ ယနေ့​တွင် သင်​တို့​သည် ငါ​နှင့်အတူ စားသောက်​ရ​မည်​။ မနက်ဖြန်​မှ ပြန်​ကြ​ပါ​။ သင့်​စိတ်​ထဲ၌ သိလို​သော​အရာ​အားလုံး​ကို​လည်း ငါ​ပြောပြ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ