ရှင်ယောဟန်ခရစ်ဝင် 3:21 - မြန်မာ့စံမီသမ္မာကျမ်21 သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 သို့ရာတွင်သစ္စာတရားကိုကျင့်သောသူများ ကား မိမိပြုလေသမျှသောအရာတို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ် ကြောင်းကို သိသာထင်ရှားစေရန်အလင်း သို့ချဉ်းကပ်လာတတ်သည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။