Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 3:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ဆိုး​ယုတ်​သူ​တိုင်း​အ​လင်း​ကို​မုန်း​၏။ မိ​မိ​၏ အ​ကျင့်​ဆိုး​ပေါ်​သွား​မည်​ကို​စိုး​၍​အ​လင်း အ​နီး​သို့​မ​ကပ်​ဝံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​အ​ပေါင်း​တို့​သည် အ​လင်း​ကို​မြင်​ပြင်း၍ မိ​မိ​တို့​အ​ကျင့်၌ အ​ပြစ်​ပါ​သည်​ကို​မ​ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့ မ​ချဉ်း​ကပ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 3:20
18 ပူးပေါင်းရင်းမြစ်များ  

ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။


အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ထာဝရဘုရား​ကို မေးမြန်း​ပေး​မည့်​သူ​တစ်​ဦး ရှိ​ပါ​သေး​၏​။ သို့သော် သူ့​ကို​ငါ​မုန်း​၏​။ အကြောင်းမူကား သူ​သည် ငါ​နှင့်​ပတ်သက်လျှင် အကောင်း​ကို​မ​ဟော​။ အဆိုး​ကို​သာ ဟော​လေ့​ရှိ​၏​။ သူ​သည် ဣမလ​၏​သား​မိက္ခာယ​ဖြစ်​၏”​ဟု ပြန်ပြော​၏​။ ယောရှဖတ်​မင်းကြီး​က​လည်း သူ့​အား “​မင်းကြီး​၊ ထိုသို့​မ​ပြော​ပါ​နှင့်​”​ဟု ပြန်ပြော​၏​။


ထို့ကြောင့် သူ​သည် ညသန်းခေါင်​ထ​၍ အကျွန်ုပ်​အိပ်​နေ​ချိန်​တွင် အကျွန်ုပ်​ဘေး​၌​အိပ်​နေ​သော အကျွန်ုပ်​၏​သား​ကို​ယူ​ပြီး သူ့​ရင်ခွင်​၌​သိပ်​ပါ​၏​။ သူ့​သား​အသေကောင်​ကို​မူ အကျွန်ုပ်​၏​ရင်ခွင်​၌ ထား​ပါ​၏​။


အကြောင်းမူကား သင်​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၏​။ ငါ​၏​စကား​တို့​ကို သင့်​နောက်၌​သာ ပစ်ထား​၏​။


အကြောင်းမူကား သူ​တို့​သည် အသိပညာ​ကို​မုန်း​၍ ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို မ​ရွေးချယ်​ကြ​။


ပြက်ရယ်​ပြု​တတ်​သော​သူ​သည် မိမိ​အား​ဆုံးမ​သော​သူ​ကို​ချစ်​လိမ့်မည်​မ​ဟုတ်​။ ပညာရှိ​သော​သူ​တို့​ထံသို့​လည်း သွား​လိမ့်မည်​မ​ဟုတ်​။


မျက်စိ​မှိတ်ပြ​သော​သူ​သည် ဖောက်ပြန်လွဲမှား​သော​အရာ​များ​ကို ကြံစည်​နေ​ခြင်း​ဖြစ်​၏​။ မိမိ​၏​နှုတ်ခမ်း​ကို​ဖိပိတ်​ထား​သော​သူ​သည်​လည်း မကောင်းမှု​ကို​ပြီးမြောက်​စေ​သော​သူ​ဖြစ်​၏​။


သူ​တို့​သည် ဖြောင့်မှန်​သော​လမ်းစဉ်​တို့​ကို​စွန့်ပယ်​၍ မှောင်မိုက်​သော​လမ်း​တို့​၌ လျှောက်လှမ်း​သော​သူ​များ​၊


သို့သော် ဖြောင့်မတ်​သော​သူ​တို့​၏​လမ်း​သည် မိုး​စင်စင်လင်း​သည့်​တိုင်အောင် ပို၍ပို၍​ထွန်းလင်း​လာ​သည့် အရုဏ်ဦး​၏​အလင်းရောင်​ကဲ့သို့​ဖြစ်​၏​။


“​ငါ​သည် ဆုံးမပဲ့ပြင်​ခြင်း​ကို​မုန်း​၍ ငါ​၏​စိတ်နှလုံး​သည် ဆိုဆုံးမစကား​ကို မထီလေးစား​ပြု​ခဲ့​၏​။


သင်​သည် လိမ်လည်လှည့်ဖြားမှု​အလယ်​၌ နေထိုင်​၏​။ သူ​တို့​သည် လိမ်လည်လှည့်ဖြား​ကြ​၏​။ ငါ့​ကို အသိအမှတ်​မပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကျမ်းတတ်​ပုဂ္ဂိုလ်​တစ်​ဦး​သည် ကိုယ်တော်​အား “ဆရာ၊ ဤသို့​ပြောဆို​ခြင်း​သည် အကျွန်ုပ်​တို့​ကို​လည်း ရှုတ်ချ​ရာ​ရောက်​ပါ​၏”​ဟု ပြန်​လျှောက်​သော်


သမ္မာတရား​ကို​ကျင့်သုံး​သော​သူ​မူကား မိမိ​ပြု​သော​အမှု​များ​သည် ဘုရားသခင်​အားဖြင့်​ပြု​ခြင်း​ဖြစ်​ကြောင်း ထင်ရှား​စေရန် အလင်း​ထံသို့​ချဉ်းကပ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


လောကီသား​တို့​သည် သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူကား မုန်း​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​ပြု​သော​အမှု​များ​မကောင်း​ကြောင်း​ကို ထောက်ပြ​သောကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ