ရှင်ယောဟန်ခရစ်ဝင် 21:15 - မြန်မာ့စံမီသမ္မာကျမ်15 ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version15 တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအား မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |