Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 2:20 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 ဂျူး​လူမျိုး​တို့​က​လည်း “ဤ​ဗိမာန်​တော်​ကို​တည်ဆောက်​ရန် လေးဆယ့်​ခြောက်​နှစ်​ကြာ​၏။ သင်​မူကား ၎င်း​ကို သုံး​ရက်​အတွင်း​တည်ဆောက်​မည်​လော”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 ယု​ဒ​အ​မျိုး​သား​တို့​က ``ဤ​ဗိ​မာန်​တော် ကို​လေး​ဆယ့်​ခြောက်​နှစ်​တိုင်​တိုင်​တည်​ဆောက် ခဲ့​ရ​၏။ သင်​က​သုံး​ရက်​နှင့်​ပြန်​လည်​တည် ဆောက်​ပါ​မည်​လော'' ဟု​မေး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

20 ယု​ဒ​လူ​တို့​က၊ အ​နှစ်​လေး​ဆယ်​ခြောက်​နှစ်​ပတ်​လုံး ဤ​ဗိ​မာန်​တော်​ကို တည်​ဆောက်​ကြ၏။ သင်​မူ​ကား၊ သုံး​ရက်​တည်း​နှင့် တည်​ဆောက်​မည်​လော​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 2:20
6 ပူးပေါင်းရင်းမြစ်များ  

တစ်ဆယ့်တစ်​နှစ်​မြောက်​၊ ဗု​လ ဟု​ခေါ်​သော​အဋ္ဌမ​လ​တွင် ရေးဆွဲ​ချမှတ်​ထား​သော​အိမ်​တော်​ပုံစံ​အတိုင်း ဆောက်လုပ်​ပြီးစီး​၏​။ အိမ်​တော်​ကို ခုနစ်​နှစ်​တိုင် ဆောက်လုပ်​ခဲ့​ရ​၏​။


ရှေရှဗာဇာ​လည်း ဂျေရုဆလင်​မြို့​သို့​ရောက်လာ​၍ ဘုရားသခင်​၏​အိမ်​တော်​ကို အုတ်မြစ်ချ​၏​။ ထို​အချိန်​ကစ၍ တည်ဆောက်​ရာ ယခု​ထိ မ​ပြီးစီး​သေး​ပါ’​ဟု အကျွန်ုပ်​တို့​အား ပြန်ဖြေ​ပါ​၏​။


ယေရှု​သည် ဗိမာန်​တော်​မှ ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​အား ဗိမာန်​တော်​အဆောက်အအုံ​များ​ကို​ပြ​ကြ​၏။


ဗိမာန်​တော်​ကို လှပ​သော​ကျောက်တုံး​များ​မှစ၍ လှူဒါန်း​ထား​သော​ဝတ္ထု​ပစ္စည်း​များ​ဖြင့် တန်ဆာဆင်​ထား​ကြောင်း လူ​အချို့​တို့​က​ပြောဆို​နေ​ကြ​၏။


ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။


ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ