Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 2:15 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 ကိုယ်တော်​သည် ကြိုး​များ​ဖြင့် ကျာပွတ်​ကို​ပြုလုပ်​ပြီးလျှင် သိုး၊ နွား​တို့​နှင့်တကွ ထို​သူ​အပေါင်း​တို့​ကို ဗိမာန်​တော်​ထဲမှ​နှင်ထုတ်​၍ ငွေကြေး​လဲလှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်ချ​ကာ သူ​တို့​၏​စားပွဲ​များ​ကို​မှောက်လှန်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

15 ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 ရိုက်​စ​ရာ​ဖို့ ကြိုး​သေး​များ​ကို ပြု​ပြင်​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား​များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​မှ​နှင်​ထုတ်​တော်​မူ၍၊ ပွဲ​စား​တို့၏ ငွေ​တင်​ခုံ​များ​ကို တွန်း​ပစ်​မှောက်​ထား​တော်​မူ၏၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 2:15
7 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူ​က ငါ့​အား “​ဤကား ဇေရုဗဗေလ​ထံသို့​ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော် ဖြစ်​၏​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​စစ်သည်​ဗိုလ်ခြေ​ကြောင့် မ​ဟုတ်​။ အစွမ်းတန်ခိုး​ကြောင့်​မ​ဟုတ်​။ ငါ့​ဝိညာဉ်​အားဖြင့်​သာ ဖြစ်​၏​။


ယေရှု​သည် ဗိမာန်​တော်​ထဲသို့​ဝင်​၍ ဗိမာန်​တော်​၌ ရောင်း​ဝယ်​နေ​သော​သူ​အပေါင်း​တို့​ကို နှင်ထုတ်​ပြီး ငွေကြေး​လဲလှယ်​သူ​တို့​၏​စားပွဲ​များ​နှင့် ချိုးငှက်​ရောင်း​နေ​သော​သူ​တို့​၏​ထိုင်ခုံ​များ​ကို မှောက်လှန်​တော်မူ​ကာ


ထိုသို့ ကိုယ်တော်​က“ငါ​ဖြစ်​သည်”​ဟု မိန့်​တော်မူ​သောအခါ သူ​တို့​သည် နောက်​သို့​ဆုတ်​၍ မြေ​ပေါ်၌​လဲကျ​ကြ​၏။


ဗိမာန်​တော်​၌ သိုး၊ နွား​နှင့် ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​မှစ၍ ငွေလဲ​ပွဲစား​များ​ထိုင်​နေ​သည်​ကို တွေ့​တော်မူ​ရာ


ချိုးငှက်​များ​ကို​ရောင်း​နေ​သော​သူ​တို့​အား​လည်း“ဤ​ဥစ္စာ​များ​ကို ဤ​နေရာ​မှ​ယူ​သွား​ကြ​လော့။ ငါ့​ခမည်းတော်​၏​အိမ်​တော်​ကို ဈေး​ရုံ​မ​ဖြစ်​စေ​ကြ​နှင့်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ စစ်သား​တို့​သည် အသက်ကယ်လှေ​၏​ကြိုး​များ​ကို​ခုတ်ဖြတ်​၍ ၎င်း​တို့​ကို အောက်​သို့​ချ​လိုက်​ကြ​၏။


အကြောင်းမူကား တိုက်ပွဲ​၌ ငါ​တို့​သုံး​သော​လက်နက်​များ​သည် သွေးသား​ဇာတိ​နှင့်ဆိုင်သော​လက်နက်​များ​မ​ဟုတ်​ဘဲ ဘုရားသခင်​အားဖြင့် အစွမ်းထက်​သော​လက်နက်​များ​ဖြစ်​ကြ​ပြီး ခံတပ်​များ​ကို​ပင် ဖြိုဖျက်​နိုင်​သည်​သာမက


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ