Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 18:26 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ဖြစ်​ပြီး ပေတရု​ခုတ်​၍ နားရွက်​ပြတ်​သော​သူ​၏​ဆွေမျိုး​လည်း​ဖြစ်​သူ​က “သင့်​ကို ထို​သူ​နှင့်အတူ ဥယျာဉ်​ထဲ၌ ငါ​မြင်​ခဲ့​သည်​မ​ဟုတ်​လော”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​က ``သင့် အား​ထို​သူ​နှင့်​အ​တူ​ဥ​ယျာဉ်​ထဲ​တွင်​ငါ​တွေ့ မြင်​ခဲ့​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​၏။ ထို​ကျွန် ကား​ပေ​တ​ရု​ဓား​နှင့်​ခုတ်​၍​နား​ရွက်​ပြတ်​သွား သူ​နှင့်​ဆွေ​မျိုး​တော်​စပ်​သူ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

26 ပေ​တ​ရု​ခုတ်၍ နား​ရွက်​ပြတ်​သော​သူ​နှင့် ပေါက်​ဖော်​တော်​သော ယဇ်​ပု​ရာ​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​က၊ သင်​သည် ဥ​ယျာဉ်၌ ယေ​ရှု​နှင့်​အ​တူ​ရှိ​သည်​ကို ငါ​မြင်​ခဲ့​ပြီ​မ​ဟုတ်​လော​ဟု ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 18:26
7 ပူးပေါင်းရင်းမြစ်များ  

မှန်ကန်​သော​နှုတ်ခမ်း​သည် ထာဝစဉ်​တည်မြဲ​၏​။ မုသားသုံး​သော​လျှာ​မူကား တစ်ခဏ​မျှသာ​တည်​၏​။


ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။


ထို့နောက် ခဏ​ကြာ​သော် အခြား​သော​သူ​တစ်​ဦး​သည် ပေတရု​ကို​မြင်​၍ “သင်​သည်​လည်း သူ​တို့​ထဲက​တစ်​ယောက်​ဖြစ်​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “အချင်း​လူ၊ ငါ​သည် သူ​တို့​ထဲက​မ​ဟုတ်”​ဟု ဆို​လေ​၏။


ယေရှု​သည် ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် တပည့်​တော်​တို့​နှင့်အတူ ကေဒြုန်​ချောင်း​တစ်ဖက်​သို့ ထွက်သွား​တော်မူ​၏။ ထို​အရပ်​၌ ဥယျာဉ်​တစ်ခု​ရှိ​၍ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ ထို​ဥယျာဉ်​ထဲသို့​ဝင်​တော်မူ​၏။


ထိုစဉ်တွင် ရှိမုန်​ပေတရု​သည် ပါ​လာ​သော​ဓား​ကို​ဆွဲ​ထုတ်​၍ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ယာ​ဘက်​နားရွက်​ပြတ်​သွား​လေ​၏။ ထို​အစေအပါး​၏​အမည်​ကား မာလခု​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ