ရှင်ယောဟန်ခရစ်ဝင် 18:1 - မြန်မာ့စံမီသမ္မာကျမ်1 ယေရှုသည် ထိုသို့မြွက်ဆိုတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ထွက်သွားတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ဝင်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဤသို့ဆုတောင်းတော်မူပြီးနောက်ကိုယ်တော် သည်တပည့်တော်တို့နှင့်အတူကြွတော်မူ၍ ကေဒြုန်ချောင်းကိုကူးတော်မူ၏။ ထိုအရပ် တွင်ဥယျာဉ်တစ်ခုရှိ၏။ သခင်ယေရှုနှင့် တပည့်တော်တို့သည် ထိုဥယျာဉ်ထဲသို့ဝင် ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ထိုသို့ မိန့်မြွက်တော်မူပြီးမှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ကြွ၍၊ ထိုအရပ်၌ရှိသော ဥယျာဉ်သို့ဝင်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်မင်းဟိလခိ၊ လက်ထောက်ယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များအား ဗာလဘုရား၊ အာရှရနတ်ဘုရားမ၊ ကောင်းကင်တန်ဆာများအဖို့ပြုလုပ်ထားသောအသုံးအဆောင်များအားလုံးကို ထာဝရဘုရား၏ဗိမာန်တော်မှ ထုတ်ဆောင်လာရန် အမိန့်ပေး၏။ ရှင်ဘုရင်သည် ထိုအရာတို့ကို ဂျေရုဆလင်မြို့ပြင် ကေဒြုန်လွင်ပြင်တွင်မီးရှို့ပြီး ပြာများကို ဗေသလမြို့သို့ ယူဆောင်သွား၏။
ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏အိမ်တော်အတွင်းခန်းထဲသို့ ဝင်သွားပြီး သန့်ရှင်းအောင်ပြု၏။ ထာဝရဘုရား၏အိမ်တော်အတွင်းရှိ သူတို့တွေ့သမျှ မသန့်ရှင်းသောအရာတို့ကို ထာဝရဘုရား၏အိမ်တော်ဝင်းသို့ထုတ်သွားကြ၏။ လေဝိအမျိုးသားတို့သည် ၎င်းတို့ကို မြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ထုတ်သွားကြ၏။