Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 16:8 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထို​အရှင်​ရောက်လာ​သောအခါ လောကီသား​တို့​အား အပြစ်​အကြောင်း၊ ဖြောင့်မတ်​ခြင်း​အကြောင်း​နှင့် တရား​စီရင်​ခြင်း​အကြောင်း​တို့​ကို ဖော်ပြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ​လော​က သား​တို့​အား​အ​ပြစ်​အ​ကြောင်း​ကို​လည်း​ကောင်း၊ အ​မှန်​တ​ရား​အ​ကြောင်း​ကို​လည်း​ကောင်း၊ တ​ရား စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို​လည်း​ကောင်း ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

8 ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​သည် ရောက်​လာ​လျှင်၊ ဒု​စ​ရိုက်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​ပြစ်​ကင်း​ခြင်း​ကို​လည်း​ကောင်း၊ အ​ပြစ်​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့​အား ထင်​ရှား​စွာ​ဖော်​ပြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 16:8
10 ပူးပေါင်းရင်းမြစ်များ  

အနာကြီးရောဂါ​သည် အရေပြား​ပေါ်၌ ပြန့်ပွား​၍ အနာ​ဖြစ်​နေ​သော​သူ​၏​ဦးခေါင်း​မှ​ခြေ​တိုင်အောင် ယဇ်ပုရောဟိတ်​တွေ့မြင်​နိုင်​သော​နေရာ​ရှိသမျှ​၏​အရေပြား​အားလုံး​ကို အနာကြီးရောဂါ​ဖုံးလွှမ်း​နေ​လျှင်


ငါ​သည် ဒါဝိဒ်​အမျိုးအနွယ်​မှစ၍ ဂျေရုဆလင်​မြို့သူမြို့သား​တို့​အား သနားကြင်နာ​တတ်​သော​စိတ်သဘော​၊ ဆုတောင်း​ပတ္ထနာပြု​တတ်​သော​စိတ်သဘော​ကို သွန်းလောင်း​ပေး​မည်​။ သူ​တို့​သည် မိမိ​တို့​ထိုးဖောက်​ခဲ့​သော​ငါ့​ကို မြင်​ရ​သောအခါ တစ်ဦးတည်း​သော​သား​အတွက် မြည်တမ်း​သကဲ့သို့ မြည်တမ်း​ရ​လိမ့်မည်​၊ သားဦး​အတွက် ခါးသီး​စွာ​ခံစား​ရ​သကဲ့သို့ ခါးသီး​စွာ​ခံစား​ရ​လိမ့်မည်​။


သို့သော် ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ငါ​သွား​ရ​ခြင်း​သည် သင်​တို့​အတွက်​အကျိုး​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​မ​သွား​လျှင် ကူညီ​မစ​သူ​သည် သင်​တို့​ထံသို့​လာ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူကား ထို​အရှင်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်။


သူ​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သောကြောင့် အပြစ်​အကြောင်း​ကို​လည်းကောင်း၊


သင်​တို့​တွင် မည်သူ​သည် ငါ​၌​အပြစ်​ရှိ​ကြောင်း ဖော်ပြ​နိုင်​သနည်း။ သမ္မာတရား​ကို ငါ​ပြောဆို​သည်​မှန်​လျှင် အဘယ်ကြောင့် သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​ကြ​သနည်း။


သူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ အသက်ကြီး​သော​သူ​တို့​မှ​စ​၍ တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက်သွား​ကြ​သဖြင့် ယေရှု​တစ်ပါးတည်း​သာ အလယ်​၌​ရှိ​နေ​သော​ထို​မိန်းမ​နှင့် ကျန်ရစ်​ခဲ့​၏။


လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။


သို့သော် အားလုံး​သည် ပရောဖက်ပြု​ဟောပြော​ကြ​စဉ် မ​ယုံကြည်​သူ​၊ သို့မဟုတ် ကျွမ်းဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်စုံတစ်ဦး​ဝင်လာ​လျှင် သူ​သည် သင်​တို့​အားလုံး​ကြောင့် အပြစ်​ဖော်ပြ​ခြင်း​ကို​ခံရ​၍ သင်​တို့​အားလုံး​၏​စစ်ဆေး​စီရင်​ခြင်း​ကို​ခံရ​ကာ


ဤသည်ကား လူ​အပေါင်း​တို့​ကို​တရား​စီရင်​ရန်​နှင့် ဘုရား​တရား​မဲ့​စွာ​ဖြင့်​ပြု​ခဲ့​သော​သူတို့​၏​ဘုရား​တရား​မဲ့​ခြင်း​အမှု​အလုံးစုံ​အတွက်​လည်းကောင်း၊ ဘုရား​တရား​မဲ့​သော​အပြစ်သား​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​ပြောဆို​သည့် ပြင်းထန်​သော​စကား​အလုံးစုံ​အတွက်​လည်းကောင်း သူ​တို့​အားလုံး​၏​အပြစ်​ကို​ဖော်ပြ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ