Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 12:9 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 များစွာ​သော​ဂျူး​လူမျိုး​အစုအဝေး​သည် ထို​အရပ်​၌ ယေရှု​ရှိ​တော်မူ​ကြောင်း​ကို ကြားသိ​သဖြင့် ယေရှု​ကြောင့်​သာ​မ​ဟုတ်​ဘဲ သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​စေ​တော်မူ​သော လာဇရု​ကို​လည်း​တွေ့မြင်​ရ​ရန် ရောက်လာ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ဗေ​သ​နိ​ရွာ​သို့​ကိုယ်​တော်​ရောက်​ရှိ​နေ​ကြောင်း ကြား​ရ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​သည် ထို​ရွာ​သို့​လာ​ရောက်​ကြ​၏။ သူ​တို့​သည်​သ​ခင် ယေ​ရှု​ကြောင့်​သာ​လျှင်​လာ​ကြ​သည်​မ​ဟုတ်။ ကိုယ်​တော်​အ​သက်​ပြန်​၍​ရှင်​စေ​တော်​မူ​ခဲ့ သူ လာ​ဇ​ရု​ကို​တွေ့​မြင်​လို​ကြ​သော​ကြောင့် လည်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 12:9
8 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​ကိုယ်တိုင် ခရစ်တော်​ကို ‘သခင်’​ဟု ခေါ်​လျှင် ခရစ်တော်​သည် မည်ကဲ့သို့ သူ​၏​သား​ဖြစ်နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​သည် ကိုယ်တော်​၏​စကား​တော်​ကို ဝမ်းမြောက်​စွာ​နားထောင်​နေ​ကြ​၏။


ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။


ထို့ကြောင့် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် လာဇရု​ကို​လည်း​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။


နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့်


ယေရှု​သည် လာဇရု​ကို သင်္ချိုင်း​ဂူ​မှ​ခေါ်​ထုတ်​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​စဉ်​က ကိုယ်တော်​နှင့်အတူ​ရှိ​ခဲ့​သော လူထု​ပရိသတ်​တို့​သည် ထို​အကြောင်း​ကို သက်သေခံ​ကြ​၏။


ထို့ပြင် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်အတူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သဖြင့် မည်သို့​မျှ​ငြင်းခုံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ