Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန်ခရစ်ဝင် 11:38 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​စိတ်​တော်​အ​လွန် လှုပ်​ရှား​လျက်​သင်္ချိုင်း​ဂူ​သို့​ကြွ​တော်​မူ​၏။ ထို ဂူ​၏​အ​ဝင်​ဝ​ကို​ကျောက်​တုံး​ဖြင့်​ပိတ်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

38 တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန်ခရစ်ဝင် 11:38
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်တွင် အာဗြဟံ​သည် ခါနာန်​ပြည်​၊ ဟေဗြုန် ခေါ် မံရေ​မြို့​အရှေ့​၊ မပ္ပေလ​လယ်​၌​ရှိ​သော​လိုဏ်ဂူ​ထဲ၌ မိမိ​မယား​စာရာ​ကို သင်္ဂြိုဟ်​လေ​၏​။


‘​ဤ​နေရာ​၌ မိမိ​အတွက်​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ မြင့်ရာအရပ်​၌ မိမိ​၏​သင်္ချိုင်းဂူ​ထွင်း​သော​သူ​၊ ကျောက်​ကို​ထွင်း​၍ မိမိ​နေရာ​ကို​လုပ်​သော​သူ သင်​သည် ဤ​နေရာ​နှင့် မည်သို့​ဆိုင်​သနည်း​။ မည်သူ​က သင့်​ကို​အခွင့်ပေး​သနည်း​။


သို့ဖြစ်၍ အချင်း​လူသား​၊ ညည်းတွား​လော့​။ သူ​တို့​ရှေ့​တွင် နှလုံးကြေကွဲ​စွာ​၊ ခါးသီး​စွာ ညည်းတွား​လော့​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။


ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။


ထိုအခါ ယောသပ်​သည် ပိတ်ချော​ကို​ဝယ်​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ ကျောက်ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲတွင်​သွင်းထား​၏။ ထို့နောက် ကျောက်တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။


ကိုယ်တော်​သည် မိမိ​စိတ်​တော်​ထဲ၌ သက်ပြင်းချ​ကာ“ဤ​မျိုးဆက်​သည် အဘယ်ကြောင့် နိမိတ်​လက္ခဏာ​ကို​တောင်းဆို​သနည်း။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​မျိုးဆက်​အား မည်သည့်​နိမိတ်​လက္ခဏာ​ကို​မျှ ပြ​လိမ့်မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​ပြီးလျှင်


ကျောက်တုံး​ကို သင်္ချိုင်း​ဂူ​မှ လှိမ့်ဖယ်​ထား​ပြီး​ဖြစ်​သည်​ကို​တွေ့​ကြ​၏။


ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ


ရက်သတ္တပတ်​၏​ပထမ​နေ့​၌ မာဂဒလ​မြို့သူ​မာရိ​သည် မှောင်​လျက်​ရှိ​နေ​သေး​သော နံနက်​စောစော​အချိန်​တွင် သင်္ချိုင်း​တော်​သို့​ရောက်လာ​ရာ ကျောက်တုံး​အား ဂူ​ဝ​မှ ဖယ်ရှား​ထား​ပြီး​ဖြစ်​သည်​ကို​မြင်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ