ယေရမိ 7:10 - မြန်မာ့စံမီသမ္မာကျမ်10 ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 သင်တို့သည်ငါစက်ဆုတ်သည့်အမှုများကို ပြုကျင့်ကာငါ၏ဗိမာန်တော်သို့လာ၍ ငါ့ ရှေ့မှောက်၌ရပ်ပြီးလျှင်`ငါတို့သည်ဘေး ကင်းကြပြီ၊ ဤရွံရှာဖွယ်ကောင်းသော အရာတို့ကိုလုပ်နိုင်ကြပြီ' ဟုဆိုကြ၏။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version10 ငါ၏နာမဖြင့်သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဖွယ်သော အမှုအလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ်နုတ်တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက်ရကြမည်လော။ အခန်းကိုကြည့်ပါ။ |
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။