ယေရမိ 49:23 - မြန်မာ့စံမီသမ္မာကျမ်23 ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ၍ စိတ်ပျက်လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသောကြောင့်၊ ငြိမ်ဝပ်ခြင်းသို့ မရောက်နိုင်။ အခန်းကိုကြည့်ပါ။ |