ယေရမိ 49:12 - မြန်မာ့စံမီသမ္မာကျမ်12 ထာဝရဘုရားက “ကြည့်ရှုလော့။ ခွက်ဖလားကိုသောက်စရာမလိုသောသူတို့ပင် သောက်ရသည်ဆိုလျှင် သင်သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ သင်သည် အပြစ်ဒဏ်နှင့်မလွတ်။ မလွဲမသွေသောက်ရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခွက်ဖလားကို မသောက်ထိုက်သောသူတို့သည် အကယ်၍ သောက်ကြသည်မှန်လျှင်၊ သင်သည်အပြစ်ကိုမခံဘဲ ရှင်းရှင်းလွတ်ရမည်လော။ မလွတ်ဘဲ မနေရ။ စင်စစ် သောက်ရမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။