Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 47:1 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဂါဇ​မြို့​ကို ဖာရော​မင်းကြီး မ​တိုက်ခိုက်​မီ ဖိလိတ္တိ​လူမျိုး​တို့​နှင့်​ပတ်သက်၍ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံ ရောက်လာ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ဂါ​ဇ​မြို့​ကို​အီ​ဂျစ်​ဘု​ရင်​မ​တိုက်​ခိုက်​မီ ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ဖာ​ရော​ဘု​ရင်​သည် ဂါ​ဇ​မြို့​ကို​မ​လုပ်​ကြံ​မီ၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​အား​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 47:1
11 ပူးပေါင်းရင်းမြစ်များ  

ခါနာန်​လူမျိုး​တို့​၏​နယ်မြေ​အပိုင်းအခြား​မှာ ဆီဒုန်​မြို့​မှ​သည် ဂေရာ​မြို့​ကို​ဖြတ်သွား​၍ ဂါဇ​မြို့​တိုင်အောင်​ရောက်​၏​။ တစ်ဖန် သောဒုံ​မြို့​၊ ဂေါမောရ​မြို့​၊ အာဒမာ​မြို့​၊ ဇေဘိုင်​မြို့​တို့​ကို​ဖြတ်သွား​၍ လာရှ​မြို့​တိုင်အောင်​ရောက်​လေ​၏​။


သူ​သည် တိဖသ​မြို့​မှ ဂါဇ​မြို့​အထိ ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​တစ်လျှောက်လုံး​ကို ပိုင်​၏​။ ယူဖရေးတီး​မြစ်​အနောက်ဘက်​ကမ်း​ရှိ​ဘုရင်​အားလုံး​တို့​ကို အုပ်စိုး​ရ​ပြီး သူ့​ဝန်းကျင်​တစ်ခွင်​မှာ ငြိမ်းချမ်းသာယာ​ခြင်း​ရှိ​လေ​၏​။


ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ သင့်​ကို ရိုက်​သော​ကြိမ်လုံး​ကျိုး​သောကြောင့် ဝမ်းမြောက်​ခြင်း​မ​ရှိ​နှင့်​။ အကြောင်းမူကား မြွေ​အမျိုး​ထဲက မြွေပွေး​ပေါက်လာ​လိမ့်မည်​။ သူ​၏​သားပေါက်​သည်​လည်း ပျံသန်း​တတ်​သော​မီးမြွေ​ဖြစ်​လိမ့်မည်​။


အီဂျစ်​ပြည်​ရှိ​လူမျိုးခြား​များ​အားလုံး​၊ ဥဇ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ ဖိလိတ္တိ​ပြည်​ရှိ​ဘုရင်​အားလုံး​၊ အာရှကေလုန်​ပြည်သား​များ​၊ ဂါဇ​ပြည်သား​များ​၊ ဧကြုန်​ပြည်သား​များ​၊ ကြွင်းကျန်​သော အာဇုတ်​ပြည်သား​များ​၊


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဖိလိတ္တိ​လူမျိုး​တို့​သည် ရှေးယခင်​ကပင်​အငြိုး​ထား​လျက် မလိုတမာစိတ်​ဖြင့် ရက်ရက်စက်စက်​လက်တုံ့ပြန်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို​ဆန့်ကျင်​မည်​။ ခေရသိ​လူမျိုး​တို့​ကို သုတ်သင်​ပစ်​မည်​။ ပင်လယ်​ကမ်းနား​တွင်​ကြွင်းကျန်​သော​သူ​တို့​ကို​ပါ ငါ​ဖျက်ဆီး​ပစ်​မည်​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ