ယေရမိ 46:25 - မြန်မာ့စံမီသမ္မာကျမ်25 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ နောမြို့ရှိအာမုန်ဘုရား၊ ဖာရောမင်းကြီး၊ အီဂျစ်ပြည်နှင့် အီဂျစ်ပြည်၏ဘုရားများ၊ ဘုရင်များ၊ ဖာရောကို ကိုးစားသောသူများ စသည်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည် သိဘိမြို့၌ရှိသောအမ္မုန်ဘုရားကိုအီဂျစ် ပြည်၊ အီဂျစ်ဘုရားများ၊ ဘုရင်များနှင့် အတူဆုံးမမည်။ အီဂျစ်ပြည်ဘုရင်နှင့် သူ့ကိုအားထားယုံကြည်သူမှန်သမျှကို ငါဆုံးမမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version25 ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသောသူတို့ကို ငါဆုံးမမည်။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။