ယေရမိ 44:29 - မြန်မာ့စံမီသမ္မာကျမ်29 ထာဝရဘုရားက ‘ဤသည်ကား သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ သင်တို့ကို ဤပြည်တွင် ငါဒဏ်ခတ်မည်။ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့စကားအမှန်တည်ကြောင်း သင်တို့သိရလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version29 ငါသည်ဤဒေသတွင်သင်တို့အားအပြစ် ဒဏ်ခတ်မည်ဟူ၍လည်းကောင်း၊ သင်တို့ကို သုတ်သင်ဖျက်ဆီးမည်ဟူ၍ထားခဲ့သော ငါ ၏ကတိတော်သည်အမှန်တကယ်ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်းကို သင်တို့အားငါ ထာဝရဘုရားသက်သေပြမည်။- အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version29 ဤအရပ်၌ သင်တို့ကိုငါဆုံးမ၍၊ သင်တို့၌ အပြစ်ရောက်စေခြင်းငှာ ငါ့စကားသည် ဆက်ဆက်တည်လိမ့်မည်ဟု သင်တို့ သိမည်အကြောင်း၊ ငါပေးသောနိမိတ်လက္ခဏာဟူမူကား၊ အခန်းကိုကြည့်ပါ။ |
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။