ယေရမိ 44:25 - မြန်မာ့စံမီသမ္မာကျမ်25 သင်တို့နှင့် သင်တို့၏မယားတို့က ‘ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်မည်၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်ဟူသော ငါတို့ကတိသစ္စာအတိုင်း ငါတို့ဆက်ဆက်ပြုမည်’ဟု သင်တို့နှုတ်ဖြင့်ဆိုလျက် လက်ဖြင့်ပြီးမြောက်စေတတ်ကြသည်ဖြစ်၍ သင်တို့၏ကတိသစ္စာကို ဆက်ဆက်တည်စေကြ။ သင်တို့၏ကတိသစ္စာကို ဆက်ဆက်ပြုကြဟု အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူပြီ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version25 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့မယားတို့က၊ ငါတို့သည် ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကိုမီးရှို့၍ သွန်းလောင်းရာ ပူဇော်သကာပြုခြင်းငှာ၊ သစ္စာကတိထားသည်နှင့်အညီ ဆက်ဆက်ပြုမည်ဟု နှုတ်နှင့်ပြော၍ လက်နှင့် ပြုသည်အတိုင်း၊ သင်တို့သည် ကိုယ်ထားသော သစ္စာကတိကို ဆက်ဆက်စောင့်၍၊ သစ္စာကတိထားသည်အတိုင်း ပြုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။